ဒုစစ်ခေါင်းဆောင်စိုးဝင်း ရုံးနေရာ ပြောင်းရွှေ့ ခံရ

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ဒုစစ်ခေါင်းဆောင်စိုးဝင်း ရုံးနေရာ ပြောင်းရွှေ့ ခံရ(ရုပ်/သံ)
    စောမေရီ၊ ဩဂုတ် ၁၉၊ ၂၀၂၄
    အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ရုံးခန်းရွှေ့ပြောင်းခံလိုက်ရ တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
    နေပြည်တော် အခြေစိုက် စစ်ရုံးချုပ်၊ ကြည်းတပ်စစ်ဆင်ရေးဌာနက စစ်ခေါင်းဆောင် ရုံးခန်း နဲ့ တထပ်တည်းမှာ အတူရှိတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုံးခန်းနေရာကို အောက်ထပ်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။
    အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယ စစ်ခေါင်းဆောင်ယူထားတဲ့ သမ္မတအိမ်တော်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးခန်းနေရာကနေ ဒုသမ္မတ (၂) ရဲ့ ရုံးခန်းကို အစားထိုး ပြောင်းခိုင်းလိုက်တာဖြစ်ပါတယ်။
    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ရုံးခန်း ရွှေ့ပြောင်းခံလိုက်ရတာဟာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် တွေအကြား တန်ပြန်အာဏာသိမ်းမှုဖြစ်ခဲ့တယ်လို့ ကောလာဟလသတင်းတွေ ပြန့်နှံ့ ခဲ့အပြီးမှာ ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
    #မြန်မာ #ဧရာဝတီ #ဒုချုပ်စိုးဝင်း #ရုံးခန်းပြောင်းရွှေ့ခံရ #တန်ပြန်အာဏာသိမ်းမှု

ความคิดเห็น • 83