တရုတ်တွင် အလုပ်ရှင်သူဋ္ဌေးများမှ လုပ်ခအပြည့်မပေးဘဲ ခေါင်းပုံဖြတ်နေ

แชร์
ฝัง
  • เผยแพร่เมื่อ 19 พ.ค. 2024
  • တရုတ်တွင် အလုပ်ရှင်သူဋ္ဌေးများမှ လုပ်ခအပြည့်မပေးဘဲ ခေါင်းပုံဖြတ်နေ
    CNI News
    ၂၀၂၄ ခုနှစ်၊ မေလ ၂၀
    မြန်မာ-တရုတ် နယ်စပ်မှတဆင့် တရုတ်နိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရုတ် အလုပ်ရှင် သူဋ္ဌေးများမှ လုပ်ခလစာအား ကတိပေးထားသည့်အတိုင်း အပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်နေကြောင်း မူဆယ် မြို့ရှိ ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။
    အချို့စက်ရုံများတွင် လုပ်ခလစာအား ယွမ်နှစ်ထောင်ပေးမည်ဟု ဦးစွာပြောဆိုထားခြင်းဖြစ်သော်လည်း အလုပ် လုပ်ကိုင်သည့်အခါတွင်မူ လုပ်ခလစာအပြည့်အဝမရရှိခြင်းဖြစ်ကြောင်း၊ ထို့အပြင် တစ်ခါသုံးကဒ်ဖြင့် ဝင်ရောက် ကြသည့်သူများဖြစ်သောကြောင့် အလုပ်ရှင်များ၏ ခြိမ်းခြောက်မှုများကိုလည်း ခံနေရကြောင်း ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က CNI သတင်းဌာနသို့ ပြောသည်။
    Websiteတွင်ဖတ်ရှုရန်........cnimyanmar.com/index.php/loca...
    #တရုတ် #အလုပ်အကိုင် #လုပ်ခလစာ #ရွှေ့ပြောင်းလုပ်သား #စီးပွားရေး #CNImyanmar #cninews
    CNI Facebook Link-------- profile.php?...
    CNI Telegram Channel-----t.me/ChannelNewsIndependent
    CNI Twitter Link----- / channelnewsind1
  • แนวปฏิบัติและการใช้ชีวิต

ความคิดเห็น •