ကလေးသူငယ်သေရင်ကောင်းကင်နိုင်ငံရောက်rလား?

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024

ความคิดเห็น • 12

  • @SawLuh-d6y
    @SawLuh-d6y หลายเดือนก่อน +2

    မွေးစကပင် အပြစ်ပါလျက်ရှိတယ်ဆိုတာ ရှင်ပြပါဦး ဆရာ

  • @TeraponSoom
    @TeraponSoom หลายเดือนก่อน

    ❤❤❤အာမင်❤❤❤

  • @user-cu5ob2kh2x
    @user-cu5ob2kh2x 2 หลายเดือนก่อน

    Amen

  • @PiLong-vc5cc
    @PiLong-vc5cc 3 หลายเดือนก่อน

    ကျေးဇူးပါ ဆရာ ဆရာ့‌တရားဒေသနာတွေကို အမြဲနားထောင်ျနပါတယ်🙏

  • @PiLong-vc5cc
    @PiLong-vc5cc 3 หลายเดือนก่อน

    အာမင်🙏

  • @user-kn4bw5cu6h
    @user-kn4bw5cu6h 4 หลายเดือนก่อน

    အာမင်

  • @Kzwin-ki1on
    @Kzwin-ki1on หลายเดือนก่อน

    အပေါ်က ဆာလံ51:5ကို‌ ထောက်ပြီး‌ ညီကိုတဦးမေးထားတဲ့မေးခွန်းကို videoထဲကဆရာဖြစ်စေ သိရှိဖြေနိုင်သူတဦးဦးက ပြန်ဖြေပေးသင့်ပါတယ်၊ အမိဝမ်းထဲကမွေးလာကတည်းက အပြစ်သားဖြစ်တယ်လို့ အတိအလင်းပါရှိပြီး အပြစ်၏အဖိုးအခကား သေခြင်းငရဲသာကျမှာဖြစ်တယ်လို့ အဲ့ဒီညီကိုလက်ခံထားမှာပေါ့၊ မသိနားမလည်မှုဆိုတဲ့ အကြောင်းပြချက်အရ ကောင်းကင်နိုင်ငံရောက်ရတယ်လို့ဆိုခဲ့ရင်၊ အမြင့်ဆုံး စံတန်ဖိုးရှိတဲ့ ကောင်းကင်နိုင်ငံသားဖြစ်ခွင့်လောက် ဘာမှအရေးမကြီးလို့ အပြစ်သားအဖြစ်နဲ့ဘာလို့ဆက်ကြီးပြင်းလာဖို့လုပ်နေတော့မှာလဲ၊ ကလေးသူငယ်အရွယ်ကတည်းက သေသွားခဲ့ရင်တောင် သာ၍မြတ်သေးတယ် ဆိုတဲ့အတွေးမျိုးတွေ အဲ့ဒီညီကိုမှာဖြစ်နေရင် သူ့အတွေးခေါ်အတွက် သံသယရှင်းရှင်းနဲ့မွန်းကျပ်မှုမဖြစ်အောင် ကျမ်းစာနဲ့တကွ နှစ်သိမ့်မှုပေးသင့်ပါတယ်၊ ကလေးသူငယ်သေရင် ကောင်းကင်နိုင်ငံ မရောက်သလို ငရဲလည်းမရောက်နိုင်ဘူး လို့ သူလက်မခံနိုင်တဲ့အကြောင်းရာဖြစ်နေတော့ မပြောခဲ့ပါဘူး၊ သမာကျမ်းစာမှာက ကောင်းကင် နဲ့ ငရဲ သာပါရှိပြီးအခြားရောက်ရမဲ့နေရာမျိုးက မပါရှိလေတော့ အယူဆမတူလို့အငြင်းမပွါးစေလိုတာပါ၊အဲ့ဒါကြောင့် သိတဲ့ဆရာများက အပေါ်ကညီကိုမေးထားတာလေးကို မေတာရှေ့ထားပြီး ဖြေကြားပေးစေလိုပါတယ်၊ကျွန်‌ေတာ်လည်းကြားသိချင်ပါတယ်၊ကျွန်တော်လည်း ခရစ်ယာန်စာပေတွေစိတ်ဝင်တစားလေ့လာခဲ့ဖူးတော့ ခရစ်ယာန်တွေရဲ့ နှိမ့်ချခြင်းနှင့်ချစ်ခြင်းမေတာလက်ကိုင်ထားတတ်တဲ့အကျင့်ကို ချစ်မြတ်နိုးပါတယ်၊အားလုံးကိုချစ်ပါတယ်နော်❤❤🙏🙏

  • @Kzwin-ki1on
    @Kzwin-ki1on หลายเดือนก่อน

    သမာကျမ်းစာမှာ ကလေးသူငယ်တွေသေဆုံးရင် ကောင်းကင်နိုင်ငံရောက်တယ် ဆိုတဲ့ခရစ်ယာန်အယူအဆဟာ ဘာကြောင့်ရောက်ရသလဲ ဘယ့်အတွက်ကြောင့်ရောက်ရသလဲ ဆိုတာ ဘယ်ဆရာသမားမှ ရှင်းပြနိုင်လိမ့်မယ်လို့ မထင်တော့ပါဘူး၊ ကျမ်းစာမှာ‌ယေရှုခရစ်တော်ကပြောထားလို့ဆိုပြီး ကျမ်းစာကိုလက်ညှိုးထိုးပြရုံကလွဲပြီး ယုတ်တိကျကျအဖြေကိုပေးနိုင်မှာမဟုတ်ဘူး၊ ကောင်းကင်နိုင်ငံတကယ်ရောက်တယ်ဆိုရင် ယေရှုခရစ်တော်ကို ယုံကြည်ခြင်း/မယုံကြည်ခြင်းတွေနဲ့ မသက်ဆိုင်တော့ပါဘူး၊ မသိနားမလည်မှု ကြောင့်ဖြူစင်ပါတယ်ဆိုတဲ့အကြောင်းပြချက်ရယ် ဖန်ဆင်းထားတဲ့အရာမို့ ပြန်လည်ချီဆောင်သိမ်းဆည်းရတယ်ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး ယုတ်တိတန်တဲ့ ဘယ်လိုအကြောင်းပြချက်မှ တိတိကျကျပေးနိုင်မှာမဟုတ်ပါဘူး၊ ခရစ်ယာန်ရဲ့အသက်သွေးကြော(အဓိကအချက်)ဟာ ယုံကြည်ခြင်းပါဘဲ၊ ယုံကြည်ခြင်းနဲ့မသက်ဆိုင်သူအဖို့ အပြစ်၏အဖိုးအခကားသေခြင်းပေတည်း လို့ဆိုတဲ့အတိုင်း ငရဲသာသွားရမှာက ကျမ်းစာအရပါဘဲ၊ ‌အမိဝမ်း၌ရှိစဉ်အပြစ်သားဖြစ်ပြီး ဝမ်းကမွေးလိုက်လို့လည်းထူးမသွားဘူး အပြစ်သားဟာအပြစ်သားပါဘဲ ဆိုတာ ကျမ်းစာရဲ့ဖေါ်ပြချက်အရအတိအကျဖြစ်တယ်၊ ယုံကြည်ခြင်းနဲ့မသက်ဆိုင်တဲ့ယုံကြည်ခြင်းမပါတဲ့ အဲ့ဒီအပြစ်သားသေတဲ့အခါ လူမမယ်ဘဝနဲ့ဖြစ်လို့ မသိနားမလည်သေးတဲ့အရွယ်ဖြစ်လို့ ဆိုတဲ့အကြောင်းပြချက်ဟာ ကျမ်းစာတစ်ခုလုံးကို ဆန့်ကျင်ဖျက်ဆီးရာရောက်ပါတယ်၊ ဒီလိုမျိုးတွေးခေါ်မိရင်လည်း ဝိဉာည်တော်၏အရာကို သင်တို့မသိနိုင်ဘူး ဆိုပြီး မိမိရဲ့အတွေးခေါ်နဲ့အသေးစိတ်ခွဲခြားသုံးသပ်နိုင်တဲ့အသိဥာဏ်တွေကို ပြည်ဖုံးကားချပြီးပိတ်ပင်တားဆီးလိုက်တာမျိုးက မကောင်းပါဘူး၊ ခရစ်ယာန်ယုံကြည်သူတစ်ဦးဟာ သံသယရှင်းဖို့လိုပါတယ် အဲ့လိုသံသယရှင်းမှ မိမိကိုးကွယ်အားထားတဲ့ ခရစ်တော်ကို ပိုမိုယုံကြည်ပြီးချစ်ခြင်းမေတာနဲ့ပြည့်ဝနေမှာဖြစ်ပါတယ်၊အတွေးခေါ်အယူဆခြင်းမတူကြပေမယ့် အားလုံးကိုလေးစားတန်ဖိုးထားပါတယ်❤️❤️

  • @SawLuh-d6y
    @SawLuh-d6y หลายเดือนก่อน +1

    ဆာလံ ၅၁း၅ ကိုရှင်းပြပေးပါဦး ဆရာ....ဒါဆို ဘုရားသခင်က လုပ်မှဖြစ်တဲ့ အပြစ်ကိုပဲ ငရဲချတာလား...မမွေးခင်ကတည်းက အပြစ်ရှိနေတဲ့အရာက ဘယ်လိုအဓိပ္ပါယ်သက်ရောက်သွားမလဲ ...တရားမျှတတဲ့ဘုရားက ဟိုမှာ တမျိုးပြော ဒီမှာတမျိုးပြောသလိုကော သက်ရောက်နိုင်မလား။အပြစ်ကို အပြစ်တိုင်းတရားမစီရင်တော့ဘူးလား။ ကယ်တင်ခြင်းဝေငှကြတဲ့သူတွေ ဒါဆို လွဲနေကြပြီပေါ့။ မမွေးခင်ကတည်းက လူမှာ အပြစ်ရှိတယ်ဆိုတဲ့တရာတွေက ဘယ်လိုအဓိပ္ပါယ်ရောက်သွားမလဲ။ ဒါတွေက အမှားကြီးဖြစ်နိုင်မလား ဆရာ။ နားမလည်လို့မေးတာပါဆရာ...တကယ်သိချင်လို့ပါ။

    • @Kzwin-ki1on
      @Kzwin-ki1on หลายเดือนก่อน

      လောကမှာ ဖန်ဆင်းခြင်းကြောင့် မိမိဖြစ်တည်ရခြင်းကို အလေးနက်ယုံကြည်ရသူအဖို့ ဖန်ဆင်းရှင်ရဲ့နှုတ်ကပါတ်တော်ကျမ်းချက်တွေမှာ ခုလိုရှေ့နောက်ကွဲလွဲတဲ့အယူအဆ အဓိပါယ်အမျိုးမျိုးကောက်လို့ရတဲ့အယူအဆမျိုးတွေတွေ့ရတာ နာကျင်စရာဖြစ်မိမှာအမှန်ပါပဲမိတ်ဆွေရာ၊ လောကကိုအလေးနက်ထားတဲ့သူတစ်ဦးအဖို့ လောကအကြောင်းကို ကိုယ့်အသိဉာဏ်ရှိသလောက်လေးနဲ့ ဖြန့်ကျက်တွေးခေါ်ပြီး ကျေနပ်မှုရနိုင်သမျှရအောင် ကြိုးစားနေကြရတာပါ၊ အဲ့ဒါက ကိုယ်မွေးဖွားဖြစ်တည်လာလို့ ကိုယ်ဖြစ်တည်တဲ့လောကပတ်ဝန်းကျင်ရဲ့ ကောင်းကျိုးဆိုးကြိုး ဆင်းရဲချမ်းသာ ငရဲ ကောင်းကင်နိုင်ငံ ယုတ်တိရှိ မရှိ စသည်အထိ ကိုယ်နဲ့သက်ဆိုင်ပြီး စဉ်းစားတွေးခေါ်သွားရပါတော့တယ်၊ မတွေးခေါ်လို့လည်းမရဘူးလေ မိတ်ဆွေကအလေးနက်ထားတတ်သူမို့လားဗျာ၊ လောကမှာရှိရင် လောကနဲ့ဆိုင်သွားမယ်၊ လောကမှာမရှိရင်(ခုဖြစ်တည်နေတဲ့အာကာသထဲတည်နေတဲ့ကမာမြေကြီးပျက်သုန်းချိန်ရောက်ပြီးပျက်ဆီးပျောက်ကွယ်သွားချိန်အထိတောင်မှ မွေးဖွါးဖြစ်တည်ပေါ်ပေါက်လာမှု မရှိတဲ့တစ်စုံတစ်ဦးအတွက်)လောကနဲ့မဆိုင်သူပါဘဲ၊ ဒီကဘာပျက်သုန်းပြီးလို့ နောက်ကဘာလောက ထပ်ဖြစ်တည်လာတဲ့အခါ အဲ့မှာမွေးဖွါးဖြစ်တည်သူက အဲ့လောကနဲ့ဆိုင်သွားပြန်ပြီး‌ေပါ့ သူလည်းအလေးနက်ထားတတ်သူဆိုတော့လေ၊စက်ကြာဝဠာကြီးရဲ့နိယာမက ကဘာပေါင်းများစွာဖြစ်ပျက်ခဲ့ပြီး နောက်ထပ်မ‌ေရတွက်နိုင်တဲ့အသင်ချေ အများကြီးဖြစ်တည်လာအုံးမှာပါဘဲ၊ အဲ့လိုလိုက်မမှီတဲ့အတွေးခေါ်တွေအတွက် ပူလောင်နေစရာမလိုပါဘူး၊ အကောင်းဆုံး သက်သေအထောက်ထားဟာ မိတ်ဆွေပါဘဲ၊ ငါရှိနေသည်ထို့ကြောင့်ငါသိ၏ ဆိုတဲ့စကားအတိုင်း မိတ်ဆွေသိနေသမျှသည် ကိုယ်ရှိနေလို့သာဖြစ်တယ်၊ မိတ်ဆွေကိုယ်တိုင်က အကောင်းဆုံးသဲလွန်စ ကောင်းဆုံးအထောက်အထားသာလျင်ဖြစ်တယ်၊ အကောင်းဆုံးသဲလွန်စအထောက်အထားကြီးရှိနေပါလျက်နဲ့ မတူးမဆွမရှာမဖွေမဖေါ်မထုတ်ခဲ့မိဘူးဆိုရင် မလုပ်သူရဲ့အားနည်းချက်သာဖြစ်တယ်၊ လောကနဲ့ကိုယ်နဲ့ဖြစ်တည်မှုကို အလေးနက်ထားသူဆိုရင်ပေါ့ဗျာ၊ မိတ်ဆွေရဲ့စာလေးကိုဖတ်မိပြီး မိတ်ဆွေရဲ့ခံစားချက်ကိုဂရုဏာမေတာဖြစ်ပြီး ကျွန်တော့်အတွေးခေါ်လေးကိုမျှဝေပေးတာပါဗျာ၊အတွေးခေါ်ကျပ်တည်းမွန်းကျပ်မှုတွေဖြစ်ခဲ့ရင် သက်သာလိုသက်သာညားဝေမျှတာပါနော်၊လူသားအားလုံးဟာ ပြည့်စုံမှန်ကန်မှုမရှိနိုင်ပါဘူး၊ဘာသာမတူလည်း အချင်းချင်းမေတာစိတ်ကလေးတွေနဲ့ဆက်ဆံနိုင်ဖို့က ‌အဓိကပါဘဲ၊မေတာစိတ်ထားကတော့ မိတ်ဆွေတို့လိုအလေ့ကျင့်ကောင်းတဲ့သူတွေကမွန်မြတ်ပါတယ်၊ယေရှုခရစ်တော်ရဲ့ပုံသက်သေကိုပြပြီး တုန့်ပြန်တတ်တဲ့ မိတ်ဆွေတို့ကို ချစ်ပါတယ်၊လေးစားပါတယ်နော်၊ ယေရှုခရစ်တော်ရဲ့မေတာတော်တွေကိုခံစားရပြီး မိတ်ဆွေရဲ့စိတ်နှလုံးအေးချမ်းပါစေနော်❤❤❤

  • @naingnaingwin3173
    @naingnaingwin3173 3 หลายเดือนก่อน

    Amen

  • @user-kn4bw5cu6h
    @user-kn4bw5cu6h 4 หลายเดือนก่อน

    အာမင်