၁။ "ဘုန်းကြီးကျောင်းသား" စာရေးသူ - မန်းတင် (ပထမအရွယ်)
ฝัง
- เผยแพร่เมื่อ 7 ก.พ. 2025
- ၁။ "ဘုန်းကြီးကျောင်းသား"
(ပထမအရွယ်)
စာရေးသူ - မန်းတင်
စာဖတ်သူ - အိမ့်ထက်
ကြာချိန် - ၁ : ၀၆ : ၂၅ နာရီ
စာမြည်း
အနောက်ဘက်ကျောင်းမှ ဗျပ်ဆိုင်းထမ်းသူမှာ ရွှံ့ဗွက်ထဲ တွင်နစ်နေသည်။ ကျွန်တော်တို့ဘက်မှ ကိုရင်မှာ အနာဆုံး ဖြစ်သည်။ ရွှံ့ဗွက်ထဲတွင် အားလျားမှောက်လျက်ကြီးလဲနေရာ တစ်ဖက်ကကိုရင်က ဆိုင်းထမ်း ထမ်းပိုးကိုဖြုတ်၍ ဦးခေါင်းကို သုံးလေးချက် ဆင့်ရိုက်ရာ ပေါက်ပြဲကုန်သည်။ ရွှံ့ထဲမှ ဆွဲထူလိုက်သောအခါ မျက်နှာတစ်ခုလုံး ရွံ့ရောသွေးပါ လိမ်းပြီးသား ဖြစ်နေလေသည်။ သူ့ပါးစပ်မှလည်း တတွတ်တွတ် ကြိမ်းမောင်းနေပါသည်။ သူ့ကိုမြင်ရသောအခါ ငိုအားထက် ရယ်အားသန်ရမလို ဖြစ်နေတော့သည်။ သူ့မျက်နှာမှာ အနီအနက် အကြောင်အကြားတွေ ဖြစ်နေ၍ ရှုံ့မဲ့နေပါသည်။ တစ်ခါတစ်ခါ ပါးစပ်ကြီးရွဲ့ကာ မျက်လုံးကြီးပြူးကာနှင့် အော်လိုက်သေးသည်။ အနောက်ဘက်ကျောင်းသားများလည်း လစ်ကြလေတော့သည်။ ကျွန်တော်တို့လည်း ကျောင်းသို့ သုတ်ခြေတင်ကြသည်။ ဘုန်းတော်ကြီးလည်း သူ့တပည့်တွေဖြစ်အင်ကိုကြည့်၍ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။ ဧကသီကို ခဏခဏ ပြင်ရုံသည်။
“မင်းတို့ညံ့လို့ ခံရတာ”
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 LH Messenger Link - m.me/listenersh... (Or)
🔰 LH Viber Link - invite.viber.c...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - www.tiktok.com...
ကျေးဇူးပါ
မျက်ပါးရပ် ထိုးမုန့် 😅😅