တရားဦး ဓမ္မစကြာ (အပိုင်း ၃)

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.ค. 2024
  • မဇ္ဈိမပဋိပါဒ (သို့) မဂ္ဂင်ရှစ်ပါး
    ဤသို့လျှင် ပယ်စွန့်ထိုက်သော နိဗ္ဗာန်ချမ်းသာ မရကြောင်း အစွန်းနှစ်ပါးကို ပယ်စွန့်ရမည်ဟု ဟောတော်မူပြီးလျှင်၊ သဗ္ဗညုတဉာဏ်တော်ဖြင့် အထူးရှာဖွေ၍ရသော နိဗ္ဗာန်ချမ်းသာရကြောင်း ဉာဏ်မျက်စိကို ပြုပေးတတ်သော အကျင့်မြတ်ရားအလင်းရောင်ကိုလည်း ထွန်းလင်းပြတော်မူလေသည်။
    သို့ထွန်းလင်းပြတော်မူသော ထိုတရားအလင်းရောင်သည်လည်း၊ ရှည်လျားလှစွာသောကာလက ဖုံးကွယ်နေသော ရှေးဟောင်းကျင့်စဉ် လမ်းရိုးပင်ဖြစ်လေသည်။ ထိုကျင့်စဉ်သည် ကိလေသာ ငြိမ်းရန်၊ စင်ကြယ်သော ဉာဏ်အမြင်ရရန်၊ အမှန်ကို ထိုးထွင်းသိရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တရားအလင်းရောင်ပင်ဖြစ်၍၊ ယင်း၏အမည်မှာ မဇ္ဈိမပဋါဟုတွင်လေသည်။ မဇ္ဈိမပဋိပါဒဟူသည် အလယ်အလတ် ကျင့်စဉ်ဖြစ်၏။ ယင်းသည့် မဇ္ဈိမပဋိပါဒ (သို့) မဂ္ဂင်ရှစ်ပါးမှာ :
    ၁။ သမ္မာဒိဋ္ဌိ= ကောင်းမြတ်စင်ကြယ်သော သိမြင်မှု
    ၂။ သမ္မာသင်္ကပ = ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု
    ၃။ သမ္မာဝါစာ = ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု
    ၄။ သမ္မာကမ္မန္တ = ကောင်းမြတ်စင်ကြယ်သော ကာယကံမှု
    ၅။ သမ္မာအာဇီဝ = ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု
    ၆။ သမ္မာဝါယမ = ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု
    ၇။ သမ္မာသတိ = ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု
    ၈။ သမ္မာသမာဓိ = ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု
    ဟု ရှစ်မျိုးရှစ်ပါး ရှိလေရာ၊ ယင်းကိုပင် မဂ္ဂင်= မဂ်၏ အစိတ် အပိုင်းဟု ခေါ်သည်။
    မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်ဟု အမည်ပေးထားသာဖြင့်၊ ဗုဒ္ဓဘာသာဟူသည် ပူဇော်မှု ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ၊ ကိုယ်တိုင်လုပ်ထုံးဖြင့် ကျင့်သုံးရသော နိဗ္ဗာန်လမ်းစဉ်မျိုး ဖြစ်ကြောင်းလည်း ကောင်းစွာ ထင်ရှားလှ၏။ မဇ္ဈိမပဋိပဒါကြောင့် ရအပ်သော အကျိုးတရားမှာ ကိလေ သာတို့ကို ဖျက်ဆီးသဖြင့်ရအပ်သော အလွန်စင်ကြယ်မွန်မြတ်သော ချမ်းသာအကျိုးတရားပင် ဖြစ်လေသည်။
    ပဉ္စဝဂ္ဂီငါးဦးတို့အား ထိုနေ့က တရားအလင်းရောင် မဇ္ဈိမပဋိပဒါကို ထွန်းပြဟောတော်မူခဲ့သည်မှာ ယခုဘဝ၌သော်လည်းကောင်း၊ နောင်ဘဝတို့၌ သော်လည်းကောင်း၊ ဘဝချမ်းသာ လောကစည်းစိမ်များကို ရစေနိုင်ရန် ထွန်းပြဟောကြားခဲ့သည် မဟုတ်ဘဲ၊ လောကုတ္တရာချမ်းသာကိုရရန်၊ လောကုတ္တရာချမ်းသာသို့ ဆောင်ပို့နိုင်သော တစ်ခုတည်း၊ တစ်ကြောင်းတည်း၊ တစ်ရောင်တည်းသော ဓမ္မနည်း လမ်းစဉ်အဖြစ်ဖြင့်၊ ဟောကြားခဲ့ကြောင်း သိသင့်ပေသည်။

ความคิดเห็น • 2

  • @utarhtoo1139
    @utarhtoo1139 15 วันที่ผ่านมา +1

    Sadhu sadhu sadhu

  • @utarhtoo1139
    @utarhtoo1139 15 วันที่ผ่านมา +1

    Sadhu sadhu sadhu