အမဲသားလုံး လုပ်နည်း၊ beef meat ball
ฝัง
- เผยแพร่เมื่อ 9 ก.ย. 2024
- ပါဝင်တဲ့ပစ္စည်းတွေကတော့
အမဲသား (သို့) မိမိကြိုက်နှစ်သက်ရာအသား ၁ပေါင်ခွဲခန့်
ဆား လက်ဖက်စားဇွန်း၁ဇွန်း
ဂျင်းမှုန့် လက်ဖက်စားဇွန်းတဇွန်း
ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁/၂
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၂ဇွန်း
ငါးငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း
ဘေကင်ပေါင်ဒါ လက်ဖက်စားဇွန်း ၁/၂
ပြောင်းဖူးမုန့် လက်ဖက်စားဇွန်း ၁ဇွန်း
ကြက်ဥ၁လုံး
အမဲသားကိုအရင်စက်နဲ့ကြိတ်ပါမယ်။ အသားကျေပြီဆို ကြက်ဥမှလွဲပြီးပါဝင်ပစ္စည်းများ အားလုံးရောကျိတ်မယ်။ သမပြီဆို ရေခဲတုံးလေးအသေးလေးတလုံးလောက်ထည့်ကျိတ်ပေးမယ်။ နောက်ဆုံးပိတ် ကြက်ဥကိုရောကျိတ်ပေးပါမယ်။ အသားနဲ့အစာပလာတွေ သမသွားပြီ အတော်လေးညှက်လာပြီ စေးလာပြီဆို အိတ်တလုံးထဲထည့်ပြီး ရေခဲသေတ္တာအခဲခန်းထဲ ထည့်ပြီးမိနစ်၅၀လောက်ထားပေးပါ။
ရေကိုမီးအလယ်အလတ်မှာထားပြီးပူအောင်တည်ပေးပါ။ရေဆူပွတ်အောင်မတည်ရပါဘူး။ မိနစ်၅ဝပြည့်ရင် အသားထုတ်ကိုထုတ်ပြီး အိတ်ရဲ့ဒေါင့်ကို ကတ်ကြေးနဲ့ညှပ်ပြီးတော့ ညှစ်ထုတ်ပြီးဇွန်းနဲ့ခပ်ပြီး အိုးထဲထည့်ပေးပါ။ အသားလုံးတွေဟာ အိုးရဲ့မျက်နှာပြင်ပေါ် တတ်လာပြီဆို ၅မိနစ်လောက်ထားပြီး ရေခဲနဲ့ ရေထည့်ထားတဲ့ ဇလုံထဲခပ်ပြီး အအေးခံထားပေးပါ။ အေးလာပြီဆို လေလုံတဲ့အိတ်၊ဗူးထဲ ထည့်ပြီးရေခဲသေတ္တာ အခဲခန်းထဲထည့်ပြီး တာရှည်ထားစားလို့ရပါပြီ။ အရမ်းလဲ အကြာကြီးမထားစားကြနဲ့နော် 😊
ကျေးဇူးပါ
Ma Soe ဟုတ်ကဲ့ပါရှင်
ကျေးဇူးပါမမ
ဟင်းချက်နည်းအမြဲတင်ပေးပါနော်ကြည့်ပီးပြန်ချက်ဒါမို့ပါ
အမရေ ကြည့်တာနဲ့တင် စားချင်လာပြီ သိပ်ကြိုက်တာဗျ ကျေးဇူးပါခင်ဗျာ
Zwe Min ဟုတ်ကဲ့ပါရှင်
Please try to give English subtitles, I love your channel, but to understand. Thanks
Thank. Thank. Thank.
Please try to give English subtitles. I love your channel, but can’t understand. Thanks
အသားလုံးတော့ဖြစ်တယ်
စားလိုက်ရင် မကျစ်ဘူး
ဘာလိုသလဲ ကျေးဇူးဖြစ်
လမ်းညွန်ပါအုံး
အမရေအမဲလုံးလုပ်လို့ရတဲ့ပစည်းလေးတေဘယ်မှာ၀ယ်လို့ရမလဲနော်
thinthin htwe မြန်မာနိုင်ငံမှာဆိုရင်တော့ city mart မှာ ရနိုင်ပါတယ်ရှင်
ကျေးဇူးပါရှင်
nilar win အားပေးတဲ့တွက် ဒီကလဲ ကျေးဇူးပါ