အိန္ဒုတောင်ကြားလူ့အဖွဲ့အစည်း ၊ ဟာရပါ နှင့် မိုဟင်ဂျိုဓါရို ၊

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • ယခင်ကျွန်တော်တင်ပြထားပြီးအခန်းတွေဖြစ်တဲ့ “အိန္ဒိယသမိုင်း၊ အာရီးယာန်း၊ ဒြာဗီးဒီးယန်း နဲ့ ကမ္ဘာ့ သမိုင်း အချိန်ပြဇယား” ဒီအခန်းတွေမှာ အိန္ဒြုတောင်ကြားလူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ပြောထားပြီးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းအချိန်ပြဇယားကို တင်ပြခဲ့ရာမှာ ကြေး ခေတ် အကြိုကာလ(ဘီစီ ၃၃၀၀ ကနေ ၂၁၀၀ အကြား) ကမ္ဘာ့ရှေးအကျဆုံးလူအဖွဲ့အစည်းသုံးခု ဖြစ်တဲ့ အီဂျစ်ရှေးဟောင်းဘုရင့်နိုင်ငံတော် (Egyptian Old Kingdom), Samaria Civilization (ဆူမေးရီး ယန်း မြို့ပြလူ့အဖွဲ့အစည်း) နဲ့ အိန္ဒြုတောင်ကြားမြို့ပြလူ့အဖွဲ့အစည်း(Indus-valley Civilization) တို့ရှိခဲ့ ကြောင်း ပြောခဲ့ပါတယ်။ အီဂျစ်ရှေးဟောင်ဘုရင့်နိုင်ငံတော်က ဒီနေ့ အီဂျစ်နိုင်ငံမှာဖြစ်ပါတယ်။ ဆူမေးရီး ယန်းမြို့ပြလူ့အဖွဲ့အစည်းက ဒီနေ့ အီရတ် နိုင်ငံမှာဖြစ်ပြီး၊ အိန္ဒြုတောင်ကြားလူ့အဖွဲ့အစည်းက ဒီနေ့ ပါကစ္စတန်နိုင်ငံမှာဖြစ်ပါတယ်။ အခုအချိန်ထိ ရှာဖွေတွေ့ရှိထားသမျှ ရှေးဟောင်းမြို့ပြ အကြွင်း အကျန် တွေနဲ့အတူ မှတ်တမ်းမှတ်ရာအားလုံးကို ကိုးကားလို့ ကမ္ဘာ့ပညာရှင် အားလုံးလက်ခံအတည် ပြုထားတာ ဒီလူ့အဖွဲ့ အစည်း (၃) ခုပဲရှိပါတယ်။ ဒီလူ့အဖွဲ့အစည်း(၃) ခုကပဲ ကျွန်တော်တို့ လူ့သမိုင်းမှာ တိုင်းပြည် နိုင်ငံ ထူထောင်ပြီး လူအဖွဲ့အစည်းတွေအဖြစ် တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ တရုတ်ပြည်မြစ်ဝါကမ်း နံ ဘေးက ဟောင်ဟို လူ့အဖွဲ့အစည်းကိုလည်း အချို့ပညာရှင်တို့ ဖော်ပြချက်တွေမှာတွေ့ရပါတယ်။ နောက် ထပ် သမိုင်းအထောင်အထားတွေ ရှာဖွေနေကြဆဲဖြစ်ပါလိမ့်မယ်။
    ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) တိုင်းပြည်တစ်ခု နိုင်ငံတစ်ခု ကိုသမိုင်းတင် အတည်ပြု ဖော်ပြနိုင်ဖို့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းမှာ ပိုင်နက်နယ်မြေ၊ အုပ်ချုပ်သူ၊ အုပ်ချုပ်သူ လူတမ်းစား၊ တရားဥပဒေ၊ အခွန်အတုတ် နဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ခံလူတမ်းစား (သို့မဟုတ်) သက်ဆိုင် ရာ လူ့အဖွဲ့အစည်းအတွင်းက သာမန်ပြည်သူတွေ၊ စီးပွားရေး နဲ့ ကူသန်းရောင်းဝယ်ရေး၊ စာပေ နဲ့ အနု ပညာ၊ မြို့ပြပုံစံ စသည်ဖြင့် ဒါတွေ လိုအပ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ လူသားတွေ တစ်နေရာ တည်းမှာ အတည်တကျ အုပ်စုဖွဲ့ နေထိုင်ကြမယ်ဆိုရင် မရှိမဖြစ် လိုအပ်တဲ့အခြေခံ လိုအပ်ချက် တွေလည်း ဖြစ်ပါတယ်။ ဒါတွေမရှိပဲ လူတွေဟာ မြို့ပြတွေတည်ထောင်ပြီး အုပ်စုဖွဲ့အတည်တကျနေလို မရပါဘူး။ ဒီလိုမျိုး ပြည့်ပြည်စုံစုံ ရှိခဲ့တဲ့အတွက် သမိုင်းမှာ တိုင်းပြည်/နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြ ခံရတာ ဖြစ်ပါတယ်။ ဥပမာ မြို့ပြအိမ်ယာတွေ တည်ထောင်တော့မယ်ဆိုတာနဲ့ မိလ္လာစနစ်နဲ့ ရေးပေးဝေ ရေးစနစ်တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါတွေမရှိပဲ လူအုပ်စုတစ်ခုအနေနဲ့ တစ်နေရာတည်းမှာ ကြာ ရှည်ကြာများ အခြေချ နေထိုင်ကြဖို့ မဖြစ်နိုင်ပါ။
    ဒီလိုမဟုတ်ပဲ သက်ဆိုင်ရာ ပိုင်နက်နယ်မြေတစ်ခုကို တစ်ယောက်ယောက်က အုပ်စိုးထားပြီး အခြားပိုင် နက်နယ်မြေ တစ်ခုခုနဲ့ အပြန်အလှန်စစ်ခင်း၊ နိုင်သူက ကျရှုံးသူကို ကျွန်ပြု၊ ကျရှုံးသူအဖို့ ကျွန်ပြုခံရခြင်း ဒါမှမဟုတ် အသတ်ခံရခြင်း ဒါတွေကို မဖွံ့ဖြိုးသေးတဲ့ လူရိုင်းယဉ်ကျေးမှုအဆင့်သာ ရှိသေးတဲ့ လူ့အဖွဲ့ အစည်းတွေလို့ခေါ်ပါတယ်။ ဒါကို သမိုင်းမှာ အင်္ဂလိပ်လို (City State) လို့သုံးနှုန်းတာမျိုး တွေ့နိုင်ပါတယ်။ ဒီလူ့အဖွဲ့အစည်းမျိုးမှာ၊ ပိုင်နက်နယ်မြေ၊ အုပ်ချုပ်ရေး၊ အုပ်ချုပ်ခံ လို့မရှိပါဘူး၊ အင်အားကြီးသူနိုင်စေ ဖြစ်ပါတယ်။ တရားဥပဒေလို့လည်း သတ်သတ်မှတ်မရှိသေးတာတွေကိုတွေ့နိုင်ပါတယ်။ ဒီထက်အဆင့် နိမ့်တဲ့လူ့အဖွဲ့အစည်းတွေကတော့ အိမ်ယာထူထောင်ဒါမျိုးမရှိ၊ ဂူတွေနဲ့ တောင်ကြား ဒေသတွေမှာ ယာ ယီရွက် ဖျင်တဲတွေနဲ့ ရေကြည်ရာ မျက်နုရာ လှည့်လည်သွားလာနေကြတဲ့ လူရိုင်းအုပ်စုတွေ ဖြစ်ကြပါ တယ်။
    ကျွန်တော် အထက်ကပြောခဲ့တဲ့ မြို့ပြလူ့အဖွဲ့စည်း(၃) ခုက ကျွန်တော်တို့ လူသမိုင်းမှာ ရှေးအကျဆုံး မြို့ပြလူ့အဖွဲ့အစည်း(၃) ခုဖြစ်ပါတယ်။ ဒီအခန်းမှာ ဒီမြို့ပြလူ့အဖွဲ့အစည်း(၃)ခုက အိန္ဒြုတောင်ကြား လူ့အဖွဲ့အစည်းအကြောင်းကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
    ==================================
    Music: Evening Fall Piano by Kevin MacLeod is licensed under a Creative Commons Attribution 4.0 license. creativecommon...
    Source: incompetech.com...
    Artist: incompetech.com/

ความคิดเห็น • 16

  • @khinmgzaw6343
    @khinmgzaw6343 8 หลายเดือนก่อน +1

    အမြဲအားပေးနားထောင်ပါတယ်
    Video edit လုပ်ထားတာကို ဝေဖန်လိုပါတယ်
    မျက်လုံးကို အတော်ဒုက္ခပေးလို့
    အသံကိုဘဲ နားထောင်လိုက်ရပါတယ်
    Video ကို လုံးဝကြည့်လို့မရလို့
    အားမလိုအားမရ ဖြစ်ရပါတယ် ကျေးဇူးပြု၍ Video ကြည့်ရတာ မျက်စိရှင်းအောင်လုပ်ပေးစေလိုပါတယ်

  • @michaelbo9392
    @michaelbo9392 9 หลายเดือนก่อน

    ကျေးဇူးပါ အမြဲနားထောင်နေပါတယ်

  • @mgko2954
    @mgko2954 9 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်ဗျာ

  • @pelkoko9058
    @pelkoko9058 9 หลายเดือนก่อน +2

    တင်ဆတ်သူရဲ့စာဖတ်နှုန်းနဲ့လေ့လာမှုကဝောာ့လေးစားအားကျမိ 😊

  • @samsonbengalilee7144
    @samsonbengalilee7144 9 หลายเดือนก่อน

    အားပေးပါတယ်

  • @iblueiceaung1431
    @iblueiceaung1431 8 หลายเดือนก่อน +1

    အရငျလို ဗိဒိယို အသဈျ တှေ မတကျလာ တော့တာ အပိတ်ခံလိုက်၇လို့လား?
    တင်မ၇ ေတာ့လို့လား??????

    • @ktmediamyanmar
      @ktmediamyanmar  8 หลายเดือนก่อน +1

      နောက််လာမယ်အခန်းက ရှည်လွန်းတာရယ်။ နှစ်ကူးမို့အခြားလုပ်စရာတွေများနေတော့ ဒီဘက်မလှည့်နိုင်တာရယ် ကြောင့် နောက်ကျနေတာဖြစ်ပါတယ်။ နောက်အခန်း မကြာခင်တင်ပေးပါ့မယ်။

  • @newszone22
    @newszone22 9 หลายเดือนก่อน

    thank

  • @ametbe
    @ametbe 9 หลายเดือนก่อน

    His ❤🎉😊

  • @tinmyoaung7286
    @tinmyoaung7286 วันที่ผ่านมา

    ကျေးဇူးတင်ပါတယ်အမြဲတမ်းပဲအားပေးနေပါတယ်

  • @samsonbengalilee7144
    @samsonbengalilee7144 9 หลายเดือนก่อน

    ဘယ်အစိုးရမှမထောက်ခံဘူး၊ ပြည်သူကိုဖိနှိပ်တဲ့ယန္တ ရား ချည်းပဲ။

  • @KoKyaw-kw6tq
    @KoKyaw-kw6tq 9 หลายเดือนก่อน

    👍

  • @user-og3kr7ck5b
    @user-og3kr7ck5b 9 หลายเดือนก่อน

    အရှေ့တောင်အာရှ တွင်Harapanယဉ်ကျေးမှုအငွေ့အသက်သို့မဟုတ်ပုံစံတူရှိခဲ့ပါကဗုဒ္ဓဘာသာ၊သာသနာခေတ်မတိုင်ခင်ကပင်အိန္ဒြိယတိုက်ငယ်သည် အရှေ့တောင်အာရှနှင့်ကူးလူးဆက်ဆံမှုရှိနှင့်ပြီးကြောင်းယူဆနိုင်ပါမည်လော ?

    • @ktmediamyanmar
      @ktmediamyanmar  9 หลายเดือนก่อน +4

      မယူဆနိုင်ပါ။ အရှေ့တောင်အာရှမှာ အစောဆုံး ယဉ်ကျေးမှုထွန်းကားခဲ့တာ ဒီနေ့ ကန်ဘောဒီယား, အန်ကာဝတ် (Angkor Wat) ပါ။ ခမာ အင်ပါယာဖြစ်ပါတယ်။ အေဒီ(၁၂) ရာစု အစောပိုင်းဖြစ်ပါတယ်။

  • @Thiha-_aung
    @Thiha-_aung 9 หลายเดือนก่อน

    😊😊🎉🎉🎉😊😊