" တုပ်ကွေး ကာကွယ်ဆေးအကြောင်း "

แชร์
ฝัง
  • เผยแพร่เมื่อ 26 ต.ค. 2024
  • ရှေ့နှစ်က ပြင်းထန်တုပ်ကွေး တွေလည်းဖြစ်ရော မြန်မာနိုင်ငံမှာ တုပ်ကွေးကာကွယ်ဆေးကို လူတော်တော်များများ သိလာ၊ စိတ်ဝင်စားလာ၊ ထိုးလာကြပါတယ်။
    အရင်ကတော့ ဆရာဝန် ထိုးသင့်တယ်လို့ ညွှန်တဲ့သူတွေပဲ ထိုးကြတာများတာကိုး။
    အရင်ဆုံးတုပ်ကွေးဆိုတာ ဘာလဲပြောပြချင်ပါတယ်။တုပ်ကွေးဆိုတာ ပုံမှန်ရာသီ အကူးအပြောင်းမှာ ကိုယ်လက် ကိုက်ခဲ ဖျားနာတာကစလို့ ဆေးရုံတက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ တုပ်ကွေးပိုး virus ကြောင့်ဖြစ်ပြီး ဒီ Virus ကတစ်နှစ်တစ်ခါ သွင်ပြင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
    📌တုပ်ကွေး ကာကွယ်ဆေး ဆိုတာဘာလဲ ❓
    တုပ်ကွေး Virus ကို Inactivated ( အကောင်သေ) ပုံစံနဲ့ ပြင်ဆင်ထားပြီး ဆေးထိုးပြီးတာနဲ့ ၂ပတ်အကြာမှာ ခန္တာကိုယ်က ဒီပိုးကိုကာကွယ်ဖို့ ကိုယ်ခံအား( Antibody) ထွက်လာမှာဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး အဓိက (၂) မျိုးရှိပါတယ်။ သုံးမျိုးစပ် ကာကွယ်ဆေးက တုပ်ကွေးရောဂါ ၃ မျိုး( H1N1,H3N2, influenza A) ကာကွယ်တာ ဖြစ်ပါတယ်။ လေးမျိုးစပ် ကာကွယ်ဆေးက တုပ်ကွေးရောဂါ (၃) မျိုး အပြင် Influenza B ကိုပါ ကာကွယ်ပေးပါတယ်။
    📌တစ်ခါထိုးပြီး ရင်ထပ်ထိုးစရာ မလိုတော့ဘူးလား ❓
    တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်ထိုးပြီးတာပေမယ့် နောက်နှစ်တွေလည်း ဆက်ထိုးဖို့လိုပါတယ်။အကြောင်းက တုပ်ကွေးရောဂါအတွက် ကိုယ်ခံအားက တစ်နှစ်အတွင်းမှာ ကျဆင်းသွားသလိုတုပ်ကွေးရောဂါပိုးကလည်း တစ်နှစ်တစ်ခါ အသွင်ပြောင်းလေ့ရှိပါတယ်။
    📌ဘယ်လိုလူတွေ ပိုထိုးသင့်လဲ ❓
    👉 အသက် (၆၅) နှစ်ကျော်ရင်
    👉 ကျန်းမာရေးဝန်ထမ်းတွေ
    👉 နာတာရှည်ရောဂါရှိသူတွေ
    ဘယ်လိုလူတွေ မထိုးသင့်ဘူးလဲ ❓
    ကာကွယ်ဆေးဟာ ကြက်ဥကိုအခြေခံ ထုတ်လုပ်ထားလို့ ကြက်ဥနဲ့ဓာတ်မတည့်သူတွေ ကိုယ်ခံအားကျဆင်းရောဂါရှိသူတွေ၊ ကိုယ်ခံအားကျစေတဲ့ဆေးသောက်နေရသူတွေဆရာဝန်ညွှန်ကြားချက်နဲ့သာထိုးသင့်ပါတယ်။
    ဆေးထိုးပြီးရင်ရော တုပ်ကွေးလုံးဝ မဖြစ်တော့ဘူးလား ❓
    ဒီဆေးတွေဟာ ပြင်းထန်တုပ်ကွေးတွေကို အဓိက ကာကွယ်တာဖြစ်လို့ တုပ်ကွေးပိုးအမျိူးအစားခပ်ဆင်ဆင်တူရင်ကာကွယ်မှာဖြစ်ပါတယ်။ လုံးဝ ချည်းတုပ်ကွေး မဖြစ်တာမဟုတ်ပေမယ့် ပြင်းထန်တုပ်ကွေးဖြစ်နှုန်းလျှော့ချပေးပါတယ်။
    တုပ်ကွေးကာကွယ်ဆေးထိုးခါစမှာရော ဖျားမှာလား ❓
    ကာကွယ်ဆေးကတုပ်ကွေးမဖြစ်စေပါဘူး။ တစ်ခါတစ်ရန်တော့ ငွေ့ငွေ့ဖျားတာ၊ ကိုယ်လက်ကိုက်တာ။ထိုးတဲ့နေရာ နီတာယောင်တာလောက်ပဲဖြစ်တတ်ပါတယ်။
    ရာသီတုပ်ကွေး ကာကွယ်ဆေး ကိုလည်း myDoctor မှဆရာဝန်များနှင့် ချိတ်ဆက်ပြီး ထိုးနိုင်ရန် စုံစမ်းနိုင်ပါတယ်နော်....
    "တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး"
    #myDoctor
    #မယ်တင်( ဆေး ၁)

ความคิดเห็น •