နေ့စဉ်ဘဝ ထိခိုက်စေတဲ့ အူလမ်းကြောင်းပြဿနာ - BBC News မြန်မာ

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ဝမ်းချုပ်၊ ဝမ်းလျှော ဒါမှမဟုတ် ဗိုက်ထဲမှာ မအီမသာ၊ ဗိုက်နာ၊ လေပွ စတဲ့ ဝေဒနာတွေကို စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် ဆက်တိုက်ခံစားနေရပါသလား။ ဒါဆိုရင် IBS လို့အတိုကောက်ခေါ်ကြတဲ့ (Irritable bowel syndrome) အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်တဲ့ ရောဂါလက္ခဏာစု ဖြစ်နေတာလားဆိုတာကို ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
    လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့ IBS ရောဂါလက္ခဏာစုနဲ့ ပတ်သက်လို့ သိထားသင့်တာတွေကို ယူကေနိုင်ငံက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အထွေထွေရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာစုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
    ဘီဘီစီမြန်မာပိုင်း

ความคิดเห็น • 37