လူသိရှင်ကြား ဖုံးကွယ်ခြင်း▪︎သစ္စာနီ

แชร์
ฝัง
  • เผยแพร่เมื่อ 5 ส.ค. 2024
  • ‪@poetrybag1474‬ #PoetryReading #Thitsar Ni #သစ္စာနီ
    #လူသိရှင်ကြားဖုံးကွယ်ခြင်း
    Facebook Page ☆
    fb.watch/djimxDCvNx/
  • บันเทิง

ความคิดเห็น • 5

  • @aungkokowin9486
    @aungkokowin9486 2 ปีที่แล้ว +1

    ၁၉၄၆ ခုနှစ် အောက်တိုဘာ ၃၀
    လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၄၈ မိနစ်
    လတ္တီကျူ့ ၁၆ ဒီဂရီ ၄၈ မိနစ်
    ဗုဒ္ဓဟူးနေ့ ...
    မြန်မာစံတော်ချိန် ၀၄ နာရီ ၂၀ မိနစ်ဖွား
    သစ္စာနီ၏ ကြိစက္ကဇာတာ။
    ဇာတာရှင်သည် ကန်ရာသီလဂ်
    ဓနုရာသီစန်း ဟဿတနက္ခတ်
    ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်
    ကံဂြိုလ်သည် ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ်စီး
    မနူဿာဂီရိကျမ်းနှင့်
    နာဒရသံဟိတာကျမ်းအလိုအရ။
    ( ၁ )
    ၃၀.၁၀.၄၆
    ဒါဟာ အစမဟုတ်ဘူး။
    ကြက်ဥလား ကြက်မလား
    အဝိဇ္ဇာ သင်္ခါရလား
    မဟာပေါက်ကွဲမှု သီအိုရီလား
    အစဟာလည်း
    အစ မဟုတ်ဘူး။
    အဲဒီနေ့က
    ဗြိတိလျှပိုင်
    ကိုလိုနီနိုင်ငံငယ်တခုမှာ
    ဥက္ကာမပျံ
    တော်လဲသံ မကြားဘဲ
    ငါ ...
    ငါဟာ
    ဘုရားသခင်လက်က
    လွတ်ကျတော်မူခဲ့တယ်။

  • @aungkokowin9486
    @aungkokowin9486 2 ปีที่แล้ว +1

    ( ၄ )
    ခေတ်က
    မာ့က်စ်ဝါဒီ မဖြစ်ရင်ဘဲ
    နူတော့မလို ခေတ်
    ကျွန်တော်လည်း လက်ဝဲစာပေလေး ဘာလေး
    နာမည်ပျက်ရုံဖတ်
    ကုတင်ခေါင်းရင်းမှာ
    ချီဂွေဗားရားပုံကို
    မာရီလင်မွန်ရိုးပုံ အောက်ကချိတ်
    (ပြန်လမ်းမရှိတဲ့မြစ် ဇာတ်ကားထဲက
    ပေါင်တချောင်းမြှောက် က နေတဲ့ပုံပေါ့ )
    ဝမ်းနည်းဝမ်းသာရုပ်ရှင်ဟာ
    ကိုယ့်အကြောင်းပဲ ရိုက်ထားသလိုလို
    ဖာသည်မတောင်မရှိဘဲ
    မြတ်လေးလိုဝတ်စားပြီး
    ဂျိမ်းစ်ဒင်းလို နေထိုင်ခဲ့တယ်
    (ငါးပြားတန်စီးကရက်ကို နူတ်ခမ်းမှာခဲလို့)။
    အဲဒီအချိန်မှာ ...
    လူတွေဟာ ခွဲတမ်းကိုမျှော်လို့
    သွားတိုက်ဆေးဗူးမဲပေါက်တာ
    ပျော်ကြတဲ့အခါပေါ့
    ဆိုက္ကားသမားက တရားသူကြီးဖြစ်
    (သူက ယူနစ်ကော်မတီဝင်လေ)
    ဆီအစိပ်သားရဖို့ တန်းစီ
    ကြက်သွန်နီ အစိပ်သားရဖို့ တန်းစီ
    'ကျေးဇူးတင်ပါသည် လမ်းစဉ်ပါတီ'
    ရေဒီယိုက သီချင်းဟာ
    ပျင်းရင်နားထောင်ဖို့ ကောင်းတယ်။
    ကျွန်တော်ကတော့
    အမောက်က ထောင်ထောင်
    ကော်လံက ထောင်ထောင်
    စိတ်က ထောင်ထောင်
    တကိုယ်ရည် အာသာဖြေရတာ သာယာတယ်
    ကဗျာဆရာဖြစ်ရတာ သာယာတယ်
    လက်ဖက်ရည်ဆိုင်ထိုင်ရတာ သာယာတယ်
    ဒါလည်း ...
    ထွက်ပြေးလွတ်မြောက်မှုတမျိုးထင်ပ။
    ဒါပေမယ့် ...
    ဒီငနဲကပဲ
    ရင်ထဲမှာ သံမှိုစွဲထားသလို
    ဒီမိုကရေစီကိုတော့ ယုံကြည်ခဲ့တယ်
    နေထွက်မဲ့ညကို ယုံကြည်ခဲ့တယ်
    သမိုင်းရဲ့ဒဏ်ခတ်မှုကို ယုံကြည်ခဲ့တယ်။

  • @aungkokowin9486
    @aungkokowin9486 2 ปีที่แล้ว

    ( ၃ )
    ကျွန်တော်ငယ်ငယ်က
    နဖူးမောက်တယ် ပါးဖောင်းတယ်
    အသားညိုလွန်းလို့ ' ကော်ဖီရောင် 'တဲ့
    နာမည်ပြောင် ရခဲ့တယ်။
    ကျွန်တော်ငယ်ငယ်က
    တောက်တဲ့ ကြောက်တယ်
    လူစိမ်းတွေကို ကြောက်တယ်
    ငန်းနီကျော် (အဖျားဖြတ်ဆေး) ကို ကြောက်တယ်။
    ကျွန်တော်ငယ်ငယ်က
    အကြွေနည်းနည်းထည့်ထားတဲ့
    စုဗူးလေး တဗူးနဲ့
    လိုချင်တာတွေ ဝယ်လို့ရမယ်ထင်ခဲ့တယ်။
    ကျွန်တော်ငယ်ငယ်က
    အိမ်နောက်ဖေး တောအုပ်မှာ
    ရော်ဘင်ဟုဒ် လုပ်ဖူးတယ်။
    ကျွန်တော်ငယ်ငယ်က
    ခပ်နုံနုံ ခပ်အအ
    စာကလည်း ခပ်ချာချာ
    (အားကစား ဘာညာပေါ့)
    ထူးချွန်မယ့် အရိပ်အယောင်မပြ
    စိတ်ဓာတ်ကလည်း ပျော့လွန်းတယ်
    ကြယ်ကြွေတာကို ကြည့်ပြီးငိုတယ်
    (နတ်သမီးလေးတွေ သေတာထင်လို့)
    မိုးရေမချိုးရရင် စိတ်ညစ်တယ်
    အက္ခရာသချင်္ာ တွက်မရတာကို
    ဘဝပျက်တော့မလို ...
    စျေးဖိုးကျပျောက်ရင်
    ခြေမကိုင်မိ လက်မကိုင်မိ
    (အမေက စျေးလွှတ်လေ့ရှိတယ်
    ကျွန်တော်က နမော်မဲ့ နမဲ့)။
    ကျွန်တော် မဖြေရှင်းနိုင်တဲ့
    ပုစ္ဆာတွေက ...
    ဘဝမှာအများကြီး
    ငါးကျည်းနဲ့ ငါးခူကို
    ဘယ်လိုခွဲခြားရမယ်ဆိုတာက အစ
    အတန်းထဲက ခပ်လှလှကောင်မလေးကို
    ဘယ်လိုချည်းကပ်ရမယ်ဆိုတာ အဆုံးပေါ့။
    ဒီလိုနဲ့ ...
    နည်းနည်းအရွယ်ရလာ
    ဒီအရွယ်မှာပဲ
    တော်လှန်ရေးကောင်စီ တက်လာ၊
    ကျွန်တော် ဆေးလိပ်သောက်တတ်လာ၊
    ဘုရားရှိခိုးတွေ မေ့လာ၊
    လွယ်အိတ်ထဲမှာ ...
    ပလေးဘွိုင်းစာအုပ်နဲ့ ချိန်းကြိုးနဲ့ ...
    အဖေနဲ့ မတည့်တာကို
    မျိုးဆက်ကွာဟမှုလို့ ပြောတတ်လာ၊
    မိန်းမတွေကိုကြည့်ရင်
    ရင်နဲ့တင်ကို ကြည့်တတ်လာ၊
    ကျောင်းပြေးဖြစ်လိုက်
    အိမ်ပြေးဖြစ်လိုက်နဲ့
    ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
    ဆယ်တန်းကို ငါးခါ ကျခဲ့တယ်။
    အဲဒီအရွယ်မှာပဲ ...
    ကောင်မလေးတယောက်ကို ရူးရူးမူးမူးစွဲလမ်း
    မတော်တဆ အသည်းကွဲရာမှ
    ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာခဲ့, အဲဒါ
    ကျွန်တော် ကံဆိုးတာလား
    မြန်မာစာပေလောက ကံဆိုးတာလား
    အခုအချိန်ထိ
    ဝေခွဲလို့မရ။