#poem
ฝัง
- เผยแพร่เมื่อ 5 ก.พ. 2025
- .
ဗုဒ္ဓရှာပုံတော်
____________
(၁)
သာဝတ္ထိကို ဒီမနက်သွားမိတယ်
၂၁ရာစု ဇေတဝန်ဟာ ...............
မိုးရေတွေယိုလို့ တိုင်တွေယိုင်လို့။
အတွေးထဲ ..........
အာဏာ ..........သို့မဟုတ် နေရာ
ဒါမှမဟုတ် လာဘ်လာဘ ကြိုးတွေနဲ့
က ချင်တိုင်း ကနေတဲ့ .......
အနီရောင် ၀တ်လွှာတွေအကြောင်း
စကားကောင်းမိနေဆဲ။
ငါတို့ဟာ....
ခူးသူတွေအလိုမကျမှာဆိုးလို့
ပိုးမကျအောင် ကိုယ်တိုင်ကာကွယ်နေရတဲ့
သက်ရင့် ပန်းလေးတွေလိုမျိုး။
ဝိဇ္ဇာရဲ့ နောက်မှာ စရဏ ပါမလာတဲ့အခါ
အပင်ကြီးပြီး အသီးမသီးတဲ့ သစ်ပင်အဖြစ်
ဓမ္မဟာ ကျန်နေရစ်တော့တာပါပဲ။
အယူဝါဒတွေအကြောင်း
ပြီးတော့ ........
ပဋိပက္ခတွေအကြောင်း
ပြီးတော့ . .
အစွန်းရောက်တွေအကြောင်း တွေးမိတယ်။
(၂)
အာဏာ နေရာ ပြီးတော့ .........
လာဘ်လာဘတွေ နည်းနည်း ဖယ်ကြည့်
မှိုင်းမိနေတဲ့ အယူဝါဒတွေကြား
လုံးပါးပါးနေတဲ့ သာသနာအကြောင်း
ကောင်းကောင်းသိပါလိမ့်မယ်........
ဗုဒ္ဓဘာသာ မဟုတ်ပေမယ့်
ဗြဟ္မစိုရ်တရားနဲ့ ညီတဲ့ ဒေသဟာ
တကယ်ကြီးပွားတာပါပဲ။
ဒီရပ်ဝန်းမှာ ဗုဒ္ဓဟာအမည်ခံသက်သက်။
အာဏာစက်အတွက်
ဘုရားတက်ကြတယ်
ရုပ်ပွားတော်ကို လက်ချိုးပြီး
ယတြာထိုးကြတယ်။
ကျား/မ ခွဲခြားတဲ့အယူဝါဒဆိုတာ
အိမ်သာတက်တာလောက်ပဲကောင်းပါတယ်။
ယမ်းငွေ့တွေကြားက
ထမင်းငတ်နေတဲ့ ကလေးငယ်ဟာ
ရွှေစေတီဆီကို မျှော်ရီငေး
ထမင်းလေး ပေးပါတောင်းနေတယ်။
မိုးယိုနေတဲ့ အိမ်အမိုးကြားက
တထောင်တန် နွမ်းနွမ်းလေးတစ်ရွက်
ဓမ္မာရုံဆောက်ဖို့အတွက်လှူလိုက်တယ်။
တောင်ယာခုတ်ထွင်ရင်း
မာစီးဒီး ကားပေါ်က ဆရာတော်တစ်ပါးကိုလည်း
အပြေးအလွှား လက်အုပ်ချီလိုက်ရသေးတယ်။
ဒီနေ့လုပ်အားခ နှစ်ထောင်ဟာ
မနက်ဖြန် ရွာဦးကျောင်း ဆွမ်းအုပ်အတွက်
ချက်ပြုပ်ဖို့လောက်ပါ့မလား။
အပင်ကြီးပြီး အနှစ်မဲ့တဲ့အခါ
အသီးက အရသာပျက်။
အပွင့်က ရနံ့မဲ့။
သဒ္ဓါမှာ ပညာကင်းတဲ့အခါ
...............
...............။
(၃)
ဗုဒ္ဓဟာ
ဘယ်သူမှ မပိုင်တဲ့ သစ္စာဓမ္မကို
တွေ့ရှိသူ သက်သက်မျှသာဖြစ်တယ်။
ဒုက္ခ ၊ သမုဒယ ၊ နိရောဓနဲ့ မဂ္ဂ သစ္စာကို
ဗုဒ္ဓဘာသာလို့ အမည်တပ်လိုက်တဲ့ ......နောက်
ခရီးက ထောက်သွားတော့တာပဲ။
ကျင့်သုံးမှုကို အားမပေးပဲ
အမည်နာမကိုပဲ ကာကွယ်နေတဲ့အခါ
ဗုဒ္ဓဟာ ငါတို့နဲ့ ဝေးဝေးသွားလေရဲ့။
ဘယ်လိုအမည်ပေးပေး
မွှေးမြဲမွှေးတဲ့ တောပန်းလေးတွေဟာ
ဗုဒ္ဓ အဘိဓမ္မာကို ကိုယ်စားပြုတယ်။
ဧဟိ ပဿိကော ဆိုတာ
အလကား ဟောထားတာမှ မဟုတ်ပဲ။
အဲဒီနေ့ကစ .........
ငါတို့ဟာ ...... ဗုဒ္ဓဘာသာမဟုတ်
ဗုဒ္ဓရဲ့ သစ္စာဓမ္မနောက်ကို
ထပ်တူ လိုက်လျှောက်နေခြင်းမျှသာဖြစ်တယ်။
ထိုသို့ ........ ငါတို့.....တွေး......တယ်။
#မှော်နတ်ပျို
7 : 5: 2022
🙏🙏🙏
ကောင်းလိုက်တဲ့. ခံစားမှုကြီး..။
တကယ့် အရသာပါ
ဖန်ဆင်းရှင်ကြောင့် ကမ်ဘာစစ်ဖြစ် ပျက့်ေပတော့မယ် မင်းတို့ ကဗျာရွတ်ချိန်တောင် 😅😅😅😅😅😅ရပါတော့မလား😂😂😂😢