မဟာဝေဒဗ္ဗမန္တာန်

แชร์
ฝัง
  • เผยแพร่เมื่อ 24 ธ.ค. 2019
  • ။မဟာဝေဒဗ္ဗ မန္တာန်တော်ကြီးရွတ်ဖတ်ပူဇော်ရန်။ ။
    🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
    ရွှေမိုးငွေမိုးရွာသွန်းစေနိုင်သည့် မဟာဝေဒဗ္ဗမန္တာန်တော်ကြီအား စန်းယှဉ်ဓနသိဒ္ဓိနက္ခတ်မွန်းတည့်ချိ်န်တွင်ရွတ်ဖတ်ပူဇော်နိုင်သကဲသို့ ဓနသိဒ္ဓိနက္ခတ်အပေါ် မွန်းတည့်မျဉ်းဖြတ်ချိန်တွင် ရွတ်ဖတ်ပူဇော်ပါကကောင်းကျိုးချမ်းသာရရှိစေသော
    🌸မဟာဝေဒဗ္ဗဇာတ်တော်🌸
    ရတနာမိုး ရွာသွန်းစေသော မဟာဝေဒဗ္ဗမန္တာန် တော်ကြီး။ငါးရာငါးဆယ် ဇတ်တော်လာ ဝေဒဗ္ဗဇာတ်တော်။
    မြတ်စွာဘုရား၊ဘုရာလောင်းဘဝကဖြစ်သည်။ဝေဒဗ္ဗမန္တာန်ကို တတ်ကျွမ်းသော ပုဏ္ဏားတယောက်ထံ၌ ပညာသင်ယူလေ၏။
    ဆရာပုဏ္ဏားသည် ဓနသိဒ္ဓိနက္ခတ်မွန်းတည့်ချိန်၌ ကောင်းကင်ကိုကြည့်၍ ဝေဒဗ္ဗမန္တာန်ကို ရွတ်လျှင် ရတနာမိုးရွာသွန်းလေ၏။
    တနေ့သောအခါ အမှု့ကိစ္စရှိသဖြင့် ခရီးသွားသောအခါ လမ်းခရီးတွင် ခိုးသားဓားမြ တို့ဖမ်းဆီးခြင်းခံရလေသည်။ဆရာကိုဖမ်း
    ဆီးထားပြီး တပည့်ဖြစ်သူကို ဆရာအားရွေးနှုတ်ယူရန် ဥစ္စာပြန်ယူခိုင်းလေသည်။
    ဘုရားလောင်းသည် ယနေ့ဓနသိဒ္ဓိနက္ခတ်စန်းယှဉ်၍ မွန်းတည့်လိမ့်မည် မန္တာန်အစွမ်းဖြင့် ရတနာမိုး မရွာပါစေနှင့်ဟု ဆရာ
    ကိုမှာကြား၍ ဆရာကိုရွေးရန် ဥစ္စာ ပြန်သွားယူလေသည်။
    ခိုးသူတို့လက်ထဲဆင်းရဲဒဏ် မခံလိုသော ဆရာသည် မန္တာန်ကိုရွတ် ရတနာမိုးရွာစေပြီး ခိုးသူတို့ကိုပေးကာလွတ်မြောက်ခဲ့လေသည်။
    ထို ခိုးသားဓားမြတို့ကို အခြားသောခိုးသား ဓားမြတို့က ဖမ်းဆီးလုယက်ပြန်လေသည် အဖမ်းခံရသောခိုးသားတို့က ဥစ္စာလိုလျှင် ပုဏ္ဏား
    ကိုဖမ်းပါဟု လက်ထောက်ခြလေသည်။ပုဏ္ဏားလည်း ဒုတိယအကြိမ် အဖမ်းခံရပြန်လေသည်။ခိုးသားဓားမြများက ရတနာမိုးရွာရန် ခိုင်းစေသော
    အခါ ဓနသိဒ္ဓိနက္ခတ်မွန်းတည့်ရန် တလလိုသေး၍ တလစောင့်ခိုင်းရာ ခိုးသားဓားမြများကလ်ိမ်လည်သည် အစွမ်းမပြကောင်းလား ဆိုကာ
    အမျက်ထွက်၍ ဆရာ ပုဏ္ဏားကို သတ်ပြစ်လိုက်ကြလေသည်။
    ခိုးသားဓားမြ အုပ်စု အချင်းချင်း
    တိုက်ခိုက်ကြပြန်ရာနှစ်ယောက်သာကျန်လေ၏တယောက်ကဥစ္စာကိုစောင့်နေခဲ့ပြီး ကျန်တယောက် ကစားသောက်ရန်အလို့ငှာ ရွာနီးချုပ်စပ်
    သို့ အစားအစာ အရှာဖွေ သွားလေသည်။အစားအစာယူ၍ပြန်လာသူကို ဥစ္စာစောင့်ရန် ကျန်နေသူကလုပ်ကြံသတ်ဖြတ်ပြီး ဥစ္စာပစ္စည်းများကို အပိုင်
    ကြံလိုက်ပြီး အသင့်ရှိနေသော အစားအစာကိုစားသောက်ပြီးသောအခါ သေဆုံးလေသည်။အစာရှာသွား
    သူကအစာထဲအဆိပ်ခတ်ထားခြင်းဖြစ်လေသည်။
    နှစ်ဦးစလုံးသေပြီး ပိုင်ရှင်မဲ့ဥစ္စာတို့သာ ကျန်နေခဲ့ လေတော့သည်။
    ဆရာကိုရွေးရန် ဥစ္စာပြန်ယူသောဘုရားလောင်းသည် ပိုင်ရှင်မဲ့နေသော အစာထဲခတ်ထားသောအဆိပ်သင့်ကာဥစ္စာ ပစ္စည်းများကို တဦးတည်းရရှိလေသည်။

ความคิดเห็น • 6

  • @wunthartun
    @wunthartun 2 ปีที่แล้ว +5

    တရာဂုဏ်တော် ၉ ပါးမှာ စာလုံးပေါင်းမှားပြီး "သွာက္ခာတော ဘဂဝ(တော) ဓမ္မော" လို့ရေးထားလို့ ရွတ်ဖတ်ရာမှာပါ မှားနေပါတယ်။ "ဘဂဝ(တာ) ဓမ္မော" ပဲဖြစ်ရပါမယ်။ ပြင်စေချင်ပါတယ်။

  • @zonphoophoowai8235
    @zonphoophoowai8235 4 วันที่ผ่านมา

    ကျေးဇူးပါရှင့်

  • @maymyatthakhin7142
    @maymyatthakhin7142 2 ปีที่แล้ว +1

    thar du per pagoda

  • @DawMyintMyintCho-td8oc
    @DawMyintMyintCho-td8oc 8 วันที่ผ่านมา

    ကျေးဇူးတင်ပါတယ်ရှင်ရှင်းပြပေးလို့❤❤❤

    • @SoeNaing-hq4dt
      @SoeNaing-hq4dt 3 วันที่ผ่านมา

      အဓိပ္ပါယ်လေးမျးရှင်းပေးလို့ရမလား

    • @maypearl9158
      @maypearl9158 18 ชั่วโมงที่ผ่านมา

      ဂါထာတော်appထဲမှာ ၁၈ပိုဒ်ပါပီး ဒီမှာက ၁၄ ပိုဒ်ဆိုတော့ဘယ်ဟာကမှန်တာလဲသိချင်ပါတယ် ၁၈ပိုဒ်လုံး ဆရာမရဲ့အသံကိုပူဇော်ချင်ပါတယ် ထပ်တင်ပေးဖို့တောင်းဆိုပါတယ် ရှင်းလင်းချက်မပါပဲ ဂါထာတော် ကိုသီးသန့် နားထောင်ပူဇော်ရတာပိုအဆင်ပြေတယ်လို့ ထင်မိလို့ပါ ဆရာမရဲ့ ဗီဒီယို ကိုမျှော်လင့်နေပါ့မယ်🙏🙏🙏