အိုဆာကာမြို့က တရုတ်ဆိုင်မှာ ရှူးရှူးရှဲရှဲ ဟော့ပေါ့သွားစားကြမယ်_TryingSpicyFoodAtShinSaiBashi_Vol.47

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • အားလုံးပဲမင်္ဂလာပါရှင့် NaNaVlogလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်😍
    ဒီနေ့မှာတော့ ဂျပန်အစားအသောက်လဲမဟုတ် မြန်မာအသောက်လဲမဟုတ်တဲ့ အရမ်းစပ်တဲ့ရှူးရှူးရှဲရှဲလေးကိုစားချင်တာနဲ့ တရုတ်Hot pot ဆိုင်လေးကိုရွေးထားပါတယ်ရှင့်😍
    Nana သွားစားဖြစ်တဲ့ဆိုင်​လေးရဲ့လိပ်စာက​တော့ ဒီမှာပါ 👇 👇 👇
    maps.app.goo.g...
    NaNaသွားစားတဲ့နေ့ကမိုးရွာတဲ့နေ့ဖြစ်တာကြောင့် ပူပူစပ်စပ်လေးလဲစားချင်တာနဲ့ တခါမှလဲမသွားရသေးတဲ့
    တရုတ်ဆိုင်ကိုသွားမယ်ဆိုပီး ဖြစ်သွားတာပါ။
    NaNaသွားထားတဲ့ဆိုင်လေးကတော့
    Shinsaibashiရှိတဲ့ 四川伝統火鍋 蜀漢 心斎橋店လို့ခေါ်တဲ့ တရုတ်ဆိုင်လေးပဲ ဖြစ်ပါတယ်😍
    NaNaသွားထားတဲ့တရုတ်ဟော့ပေါ့ဆိုင်က အခုတလောတော်တော်လေးကိုနာမည်ရနေတဲ့ဆိုင်လေးဖြစ်ပါတယ် ။Instagram တို့ TH-cam တို့မှာဆို ဒီဆိုင်ကောင်းတဲ့ Review လေးတွေခဏခဏတွေ့ရတဲ့အထိပါပဲ❣️ဆိုင်အပြင်အဆင်ကအစ တရုတ်ပြည်ရောက်သွားတဲ့စိတ်လေးဖြစ်တဲ့အထိပါ။ တော်တော်ဆို ဂျပန်တွေကအစပ်မစားနိုင်ကျပါဘူး ဒီဆိုင်လေးမှာတော့ ဂျပန်တွေလဲ လာစားကြသလို တရုတ်၊မြန်မာ၊ဗိယက်နမ်၊ထိုင်း၊တော်တော်များများလေးလာစားကြတယ်လို့သိရပါတယ်။အစပ်ကိုတော့ Level တွေခွဲထားပီး ကိုယ်ကြိုက်တဲ့ အစပ်အနေအထားနဲ့ မှာယူစားသုံးလို့ရပါတယ်ရှင့်❣️
    NaNaလိုအစပ်ကြိုက်တဲ့သူတွေအတွက်ကတော့ အသွားသင့်ဆုံးဆိုင်လေးပါရှင့်။
    လက်ဆတ်တဲ့အပြင် သန့်သန့်ရှင်းရှင်းလေးမလို့ NaNaကတော့ အရမ်းသဘောကျမိပါတယ်။
    မိုးရွာတဲ့နေ့မှာ ဒီလိုပူပူစပ်စပ်လေးစားလိုက်ရတာကတော့ အမိုက်ဆုံးပါပဲ🥵
    ကဲဆိုင်လေးက ဘယ်လိုပုံစံရှိတယ် ဆိုတာကတော့ အသေးစိတ်Videoလေးထဲမှာကြည့်လိုက်ကြပါနော်😍 NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် TH-camမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြဖို့နဲ့ Facebook မှာlike& Follow လေးလုပ်ပေးကြဖို့ တောင်းဆိုပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင့်🥰နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️

ความคิดเห็น • 138