HMMF RESET ချနည်း
ฝัง
- เผยแพร่เมื่อ 1 ม.ค. 2025
- HMMF RESET ချနည်း / HMMF အကြောင်း
ဂီယာဝိုင် လဲပြီးသော Insight များ Odometer ( Km /L ပြသောနေရာ ဒိုင်ခွက်)တွင် Notification / HMMF signal ပြနေသော် အောက်ပါအတိုင်းပြုလုပ်၍ Reset ချပါ။
(၁) သော့စက်သတ်ထားပြီးချိန် စတီယာဝိုင်ပေါ်မှာ Sel Reset ခလုတ်ကို ဖိထားပြီး သော့ကို နံပါတ်၂ ချက်မြောက်အနေအထား( စက်မနိုးခင် ဒိုင်ခွက်ထဲ မီးများ အစုံ လင်းသည် အနေအထား )သို့ လှည့်ဖွင့်ပါ။
(၂) Sel ကို ဆက်လက်ဖိထားချိန် ၈ စက္ကန့် ၀န်းကျင်ခန့် ဖိထား လျင် အောက်ပါပုံထဲ ကအတိုင်း ဂျပန်စာ နှင့်အတူHMMF ဟုရေးထားသော စာ ပေါ် လာမည်။ ထိုအဓိပ်ပါယ်မှာ Maintenance Reset HMMF ဟု ရေးထားခြင်းဖြစ်ပြီး အလယ်မှ စာ ကြောင်းမှာ Reset ဟုရေးထားခြင်းဖြစ်သည်။ ၃ ကြောင်းမြောက် စာမှာ Cancel ပယ်ဖျက်ရန်ဟု အဓိပ်ပါယ်ရသည်။
(၃) ဒုတိယ စာကြောင်း အား ရွေးချယ်ရန်အတွက် စတီယာ တိုင်ပေါ်မှ Sel Reset ဘေးတွင် ပါသော i အမှတ်အသား အပေါ်၊အောက်ခလုတ်ဖြင့် နှိပ်ပြီး ရွေး ချယ်ရပါမည်။ထို့နောက် Sel Reset ခလုတ်အား နှိပ်လိုက်ပါ။
(၄)HMMF alert notification / HMMF Reset ချခြင်းအောင်မြင်စွာ ပြီးမြောက်ပါပြီ။
နံပါတ်၃ မြောက်ပုံအားကြည့်ပါ။ HMMF လဲပြီး အချိန်တွင် Reset ချရန် ဒိုင်ခွက်ထဲတွင် ပေါ််မလာသဖြင့် ကီလို ၁၀၀ မောင်းနှင်ပြီး မှResetချလိုက်ခြင်း ကြောင့် HMMF 39900 Km ဟု ဖော်ပြခြင်း ဖြစ်ပါသည်။ (ချွင်းချက် -အချို့ကားများမှာ တော့ အခြား ကီလို နံပါတ် ဖြစ်နေပါလိမ့်မယ်)
HONDA HMMF ကို တကြိမ်လဲပြီးတိုင်း ကီလို ၄၀၀၀၀ မောင်းပြီးချိန်တွင် လဲရမည်။ ဒိုင်ခွက်ထဲတွင် HMMF Maintenance လုပ်ရန်အချက်ပေးသည့်စာ မပေါ်လာ သေးသော်လည်း မိမိ ပထမအကြိမ်HMMF လဲပြီးချိန်မှ ရောက်ရှိကီလို ကိုမှတ်သားထားပြီး ကီလို ၄၀၀၀၀ မောင်း နှင်ပြီးချိန်တွင်လဲHMMF gear oil လဲပေးရမည်။
အခက်အခဲအမျိုးမျိုးကြောင့် ကီလို ၄၀၀၀၀ ပြည့်ပြီးသွား သော်လည်း ငွေကုန်မခံချင်လျင်မလဲပဲထားလျင် မိမိကား ပြုပြင် ထိန်းသိမ်းမှု ညံ့ ဖျင်းမှုကြောင့် မိမိကား သာလျင် ရလာဒ်ခံစားရမှာပါ။HMMF လဲရန်အချက်ပြမီး ဒိုင်ခွက်ထဲတွင်ပေါ်လာပါက HMMF အသစ်ဝယ်မလဲ နိုင်သေးလျင် Reset မချပါနှင့်။ HMMF gear oil အသစ် လဲနိုင်မည့်နေ့အထိဒီတိုင်း လစ်လျူရှုထားလိုက်ပါ။ ထိခိုက် ဒဏ်ရာကို အနာပေါ်မှတခုခု ကပ်လိုက်ရုံဖြင့် အနာမသက်သာမပျောက်ကင်းနိုင်ပါ ။ ဆေးဖိုးရှိမှ ဆေးဝယ်သောက် ဆေးထည့်မှ ထိခိုက်ဒဏ်ရာသက်သာပျောက်ကင်းမည်။
HMMF - 100 , HMMF -1000 ,HMMF -1000 စသဖြင့်ဒိုင်ခွက်ထဲ တွင် ပေါ်လာလျင် အမြန်ဆုံး ဂီယာ ဝိုင် HMMF တံဆိပ်သီးသန့်သာလဲပါ။ ကား အမြန် မမောင်း ပါနှင့် / တောင်တက် တောင်ဆင်း အထူးသတိထား မောင်းပါ။ Gear Oilလဲ ရာ တွင် Honda Company မှ Hybrid Engine ကားများအတွက် သူ့ရဲ့စံချိန်စံညွန်း နှင့် ကိုက်ညီသော Oil Grade သတ်မှတ်ချက်တို့ဖြင့်သာထုတ်လုပ်ထားပေးသည်။( oil grade စပ်စုလိုလျင် ကွကိုယ် Honda Company Japan Head Quarter Officeမှာ သွားစုံစမ်းပါ)
HMMF ဟုပေါင်းပြီး အနောက်တွင် အနှုတ်လက္ခဏာ (-)နှင့် နံပါတ် မပေါ်သေးလျင် Gear Oil လဲ ဖို့တ သတိပေး ခြင်း ဖြစ်သည်။ မကြာခင် ရက်ပိုင်း အတွင်း။ Gear Oil (HMMF ) လဲလိုက်ပါ။
HMMF ဟု စာတန်း လိမ္မော်ရောင်ဖြင့် (odometer )ဒိုင်ခွက်ထဲတွင် ပေါ်လာပါက Honda ကုမ္ပဏီမှ ထုတ်လုပ်သော လိမ္မော်ရောင်ဗူး ၄ လီတာပါဝင်သော Gear Oil (HMMF = Honda Multi Matic Fluid) ULTRA ကို လဲရန် အတွက် အချက်ပေး သတိပေးခြင်းဖြစ်သည်။ ထိုသို့ Odometer ဒိုင်ခွက် ထဲမှာ တစ်ခုခု Notification အချက်ပြမီး/ ချက်မီး သို့မဟုတ် ခါးပတ် မပတ်ထား သို့မဟုတ် တံခါးဂျက်မကျ၊ ဟန်းဘရိတ် မဖြု တ်ထားလျင် ( i ) ပုံစံလေး သည် (Speedometer) အမြန်နှုန်းပြသော နေရာ ဘေးတွင် ပေါ်နေလိမ့်မည်။