နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၀၇) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ค. 2024
  • ချောကလက်တွင်း၌ ပိတ်မိနေခြင်း
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ယေရမိအနာဂတ္တိကျမ်း ၃၈:၁-၁၀
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    ချောကလက်တွင်း၌ ပိတ်မိနေခြင်း
    ယနေ့ဖတ်ရန်ကျမ်းချက်မှ ပရောဖက်ယေရမိ၏အသက်တာနှင့် သူ၏ပရောဖက်ပြုချက်များအရ ယေရမိအား “မြည်တမ်း ငိုကြွေးသောပရောဖက်” ဟု အဘယ့်ကြောင့်ခေါ်ရသည့် အကြောင်းရင်းကို တစ်စိတ်တစ်ဒေသ ဖော်ပြနေသည်။ ယေရမိမြည်တမ်းစကားကျမ်းကိုလည်း သူရေးသားသည်ဟု လက်ခံထားကြသည်။ ယေရမိ၏မြည်တမ်းစကား အများစုသည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်အပေါ် မနာခံခြင်း၊ သစ္စာမဲ့ခြင်းများကြောင့် ၎င်းတို့အပေါ်ကျရောက်လာမည့် ကြမ္မာနှင့်စပ်လျဉ်း၍ မြည်တမ်းခြင်း ဖြစ်သည့်တစ်ချိန်တည်းမှာပင် ဘုရားရှင်၏အစေခံအနေဖြင့် သူကိုယ်တိုင်ခံစားရသည့်အရာသည် သူ၏ပုဂ္ဂိုလ်ရေးမြည်တမ်းမှု အဖြစ်သို့ ဦးတည်သွားခြင်း ဖြစ်နိုင်ပါသည် (ယေရမိအနာဂတ္တိကျမ်း ၃၈ ကိုရှု)။

ความคิดเห็น •