Zero ပြောက်ကျားတပ်မဟာရဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို KIA၊ KNU သင်တန်းဆင်းတွေက သင်တန်းပို့ချ

แชร์
ฝัง
  • เผยแพร่เมื่อ 25 ก.ย. 2024
  • Zero ပြောက်ကျားတပ်မဟာရဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို KIA၊ KNU သင်တန်းဆင်းတွေက သင်တန်းပို့ချ
    စစ်ကိုင်း၊ မတ် ၁၄၊ ၂၀၂၄။
    စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းလိုက်ပြီးနောက် စစ်မှုမထမ်းလိုတဲ့သူတွေဟာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် အဖွဲ့ဆီကို ရောက်ရှိလာနေတယ်လို့ သိရပါတယ်။
    အဖွဲ့ထဲရောက်လာကြတဲ့ သူတွေထဲမှာ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နဲ့ မန္တလေးစတဲ့မြို့တွေအပါအဝင် နယ်ပေါင်းစုံကနေ လာကြတာလို့ မြင်းခြံခရိုင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။
    စစ်ကောင်စီအောက် မဝင်ချင်တဲ့သူတွေဟာ အဖွဲ့ထဲကိုဝင်ဖို့ နည်းမျိုးစုံနဲ့ ဆက်သွယ်ခဲ့ကြပေမယ့် လမ်းခရီးမှာအန္တရာယ်ကြုံရနိုင်တာကြောင့် အဖွဲ့ကသေချာချိတ်ဆက်ပြီးမှ တပတ်ကို ၁ ယောက် ၂ ယောက်သာ လက်ခံတာလို့ သူကဆက်ပြောပါတယ်။
    လတ်တလောမှာတော့ Zero ပြောက်ကျားတပ်မဟာထဲကို ရောက်လာကြတဲ့ တပ်သားသစ် ၁၅ ဦးကို KIA၊ KNU သင်တန်းဆင်းတွေက ဦးစီးပြီး ပထမအသုတ်အနေနဲ့ အခြေခံစစ်ပညာသင်တန်းကို ပို့ချပေးနေကာ သေနတ်ကိုင်အဆင့်အထိ လေ့ကျင့်နေပြီလို့ သိရပါတယ်။
    သင်တန်းသားတွေထဲက အများစုဟာ တော်လှန်ရေးအစကတည်းက PDF ထဲကို ဝင်လိုကြပေမယ့် မိဘတွေက ခွင့်မပြုတာနဲ့ အဖွဲ့ထဲကိုလာဖို့ အခက်အခဲတွေရှိနေလို့ ရောက်မလာနိုင်ခဲ့ကြတာလို့ သိရပါတယ်။
    စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ပြီးတဲ့နောက် စစ်မှုမထမ်းလိုတဲ့ သူတွေဟာ စစ်ကိုင်း၊ မကွေး၊ အညာဒေသမှာ အခြေစိုက်ထားတဲ့ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေဆီ နေ့စဉ်လိုလို ဝင်ရောက်လာနေကြတာလည်း ဖြစ်ပါတယ်။
    သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
    #မြေလတ်အသံ
    #စစ်ကိုင်း #စစ်မှုထမ်းဥပဒေ #တပ်သားသစ် #Zeroပြောက်ကျားတပ်မဟာ #စစ်သင်တန်း

ความคิดเห็น • 19

  • @PhyuHnin-kh8np
    @PhyuHnin-kh8np 6 หลายเดือนก่อน +5

    အစစအရာရာအထူးဂရုစိုက်ကြပါ
    အရေးတော်ပုံအောင်ရမည်အောင်ကိုအောင်ရမည်💪💪💪💪💪

  • @jyawjyaw972
    @jyawjyaw972 6 หลายเดือนก่อน +3

    မဂ်လာပါ

  • @Damn8824
    @Damn8824 6 หลายเดือนก่อน +2

    တစ်ယောက်နှစ်ယောက်ဆိုတာ
    မပြောသင့်ဘူး
    တခြားကလေးတွေအလှည့်ရောက်ရင် ကြပ်မှာစိုးရတယ်
    အသိသတိ အမြဲကပ်ကြပါ ညီကိုတို့🎉❤

  • @TunNwayOo
    @TunNwayOo 6 หลายเดือนก่อน +2

    ❤❤❤❤❤

  • @lovelovr7405
    @lovelovr7405 6 หลายเดือนก่อน +3

    ❤❤❤❤❤😂ပြည်သူကမွေးပြည်သူသားများပြည်သူဘက်ကကြိုးစာပြီးဝိုင်းဝန်ကူညီတာအမေတို့မွေးရကြိုးနပ်ပါတယ်သားတိုရယ်❤❤❤❤

  • @ooaung6101
    @ooaung6101 6 หลายเดือนก่อน +1

    အဲဒါမှ အဖြူအမဲ ကွဲပြားသွားမှာ ဒါမှ တရားဝင်နှိမ်နင်းလို့ရမှာ စောင့်ကြည့်လိုက်

    • @Thargyi-un9fu
      @Thargyi-un9fu 6 หลายเดือนก่อน

      အောက်ကလည်းနေသေး ကြောက်ပြီလား မေးနေပြန်ပြီ စစ်ခွေးဥစုပ်လေးက😅

  • @HTUNTUN-wu9ot
    @HTUNTUN-wu9ot 6 หลายเดือนก่อน

    သူတို့သတ်လို့အားမရသေးတဲ့အပြင်...ပြည်သူချင်းပြန်ရန်တိုက်ပေးနေတော့....လူငယ်တွေရဲ့ဆုံးဖြတ်ချက်ကလုံးဝမှန်တယ်လို့ပဲ.....

  • @PkPk-hd5bc
    @PkPk-hd5bc 6 หลายเดือนก่อน

    ❤❤❤

  • @KMe-f1b
    @KMe-f1b 6 หลายเดือนก่อน +2

    ဇီးရိုးပြောက်ကျားမှကိုသက်ကြီးနဲ့အဖွဲ့ကိုကျေးဇူးအထူးတင်ဂုဏ်ယူလျက်ပါ

  • @-gl7wg
    @-gl7wg 6 หลายเดือนก่อน +3

    ကျွန်တော်လဲ၀င်ချင်တယ်ဗျာဘယ်လိုဆက်သွယ်ရမလဲဗျာ

    • @Damn8824
      @Damn8824 6 หลายเดือนก่อน +2

      နီးစပ်ရာအဖွဲ့ကိုဆက်သွယ်ပါ
      ဓာတ်ပုံရိုက်ချင်ရုံသက်သက်နဲ့မလာပါနဲ့
      ပြဿနာတွေ မယူဆောင်လာပါနဲ့
      လေးစားလျက်🎉❤

    • @-gl7wg
      @-gl7wg 6 หลายเดือนก่อน +1

      @@Damn8824 ကျွန်တော်လာချင်တာအပျော်အတွက်မဟုတ်ပါဘူးဗျာ ။တကယ်စိတ်ဓာတ်အမှန်နဲ့လာချင်တာပါ

    • @Damn8824
      @Damn8824 6 หลายเดือนก่อน +2

      @@-gl7wg နီးစပ်ရာပကဖBNLA PDF တွေကိုဆက်သွယ်ပြီးဝင်နိုင်ပါတယ် ရက ကဆိုရင် ရကတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်ပြီးဝင်နိုင်ပါတယ်ဗျ

    • @-gl7wg
      @-gl7wg 6 หลายเดือนก่อน +1

      @@Damn8824 ကျွန်တော်ကအခု ပခ တိုင်းထဲကပါဗျာ။ကျွန်တော်လည်ဘယ်လိုဆက်သွယ်ရမယ်ဆိုမသိဘူးဖြစ်နေလို့ပါ

    • @Damn8824
      @Damn8824 6 หลายเดือนก่อน

      @@-gl7wg Myanmar Defense Force-Shweboလို့fbမှာရိုက်ရှာနော် ညီကို

  • @AyeThin-c9v
    @AyeThin-c9v 6 หลายเดือนก่อน +1

    မဂ်လာပါမြေလတ်အသံရေကျေးဇူးအထူးတင်ပါတယ်အဖွဲးသားများနဲ့ဗိုလ်သက်ကြီးချစ်သောအားလုံးကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေကြပါစေအထိအခိုက်မရှိအောင်ပွဲအလီလီဆွတ်ခူးနိုင်ကြပါစေ👏👏🫶🫶⭐⭐♥️♥️🚩🚩

  • @samzaa1227
    @samzaa1227 6 หลายเดือนก่อน

    ဒီလိုလုပ်ကျရမှာဒါမှစစ်ခွေးမျိုးပြုတ်မာ

  • @tayza2225
    @tayza2225 6 หลายเดือนก่อน

    ငါတို့အလှည့်လာပြီးလေ❤၁၀၀၀၀၀၀သိန်း