Traveling to Northern India & Punjab | နှင်းမှုန်အိန္ဒိယမြောက်ပိုင်းနှင့်ပန်ချာပီမြေဆီ ခရီးနှင် (၂)

แชร์
ฝัง
  • เผยแพร่เมื่อ 20 ม.ค. 2024
  • ဒုတိယပိုင်းလေးကတော့ အိန္ဒိယ မနားလီမြို့နဲ့ ရေခဲတောင်တွေဆီ ခရီးပဲ ဖြစ်ပါတယ်။
    အိန္ဒိယမြောက်ပိုင်းဟာ ဟိမဝန္တာတောင်ကြောနဲ့ နီးစပ်လာတာမို့ ရေခဲတောင်တွေနဲ့ ဆောင်းတွင်းကာလဆို သိပ်လှနေတတ်ပါတယ်။ ကျွန်တော်တို့ ခရီးသွားမောင်နှမတွေ အိန္ဒိယမြောက်ပိုင်း ရေခဲတောင်တွေရှိရာ ဆင်းမလား (ရှင်းမလား)၊ မနားလီ မြို့တွေကို ခရီးထွက်ခဲ့ကြသလို၊ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ဖူးတဲ့ ပန်ချာပီလူမျိုးတွေ အများဆုံးနေထိုင်ကြရာ ပန်ဂျပ်ပြည်နယ်ထဲက မြို့တွေကိုပါ သွားရောက်ဖြစ်ခဲ့ကြပါတယ်....
    တမူကွဲပြားတဲ့ မြောက်ပိုင်းအိန္ဒိယရဲ့ လူနေမှုပုံစံတွေ၊ အစားအသောက်ချက်ပြုတ်ပုံနဲ့ ဝတ်စားဆင်ယင်ပုံတွေ မျိုးစုံကို သိကျွမ်းရင်းနှီးလေ့လာခွင့်ရသလို၊ ရေခဲမှုန်တွေ၊ နှင်းတွေ၊ ရေခဲတောင်တွေ မြင်တွေ့ရခဲတဲ့ ကျွန်တော်တို့အတွက် ရေခဲတောင်တွေပါ ရောက်ရှိနိုင်ခွင့်ရခဲ့ပါတယ်။
    ဒီဗီဒီယိုမှာတော့ ဆင်းမလားမြို့ကနေ မနားလီမြို့ဆီကို ခရီးဆက်နှင်ထားပြီး မနားလီက ရေခဲတောင်တွေဆီက လည်ပတ်လုပ်ဆောင်စရာများအကြောင်းကို တင်ပြထားပါတယ်။ ဒီဗီဒီယို ဟာ Reality Travel Show ဖြစ်တဲ့အတွက် ဘာမှ ဖြည့်စွတ်ပြင်ဆင်ရိုက်ကူးခြင်းမရှိဘဲ လက်တွေ့ကျကျ ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း ကိုယ်တိုင်လိုက်ပါခရီးထွက်ရတဲ့ ခံစားမှုကို သေချာပေါက်ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ...
    အားလုံး အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
    သီဟလုလင် (Thiha, the Traveller)

ความคิดเห็น • 7

  • @kowin9803
    @kowin9803 5 หลายเดือนก่อน

    ဗဟုသုတရလို့ ကျေးဇူးကမ္ဘာ❤❤❤❤❤❤

  • @htunlin3404
    @htunlin3404 5 หลายเดือนก่อน

    အိန္ဒိယ ဆို တနိုင်ငံပြီးမှအခြားတနိုင်ငံပြပေးပါ အခုက အိန္ဒိယရောက်လိုက်ဗီယမ်နမ်ရောက်လိုက်နဲ့ကြည့်ရအဆင်မပြေလို့ပါ

  • @MTwoKRandomVlog
    @MTwoKRandomVlog 3 หลายเดือนก่อน

    ဘယ် လ တုန်းကသွားတာလဲဗျာ့

  • @user-wk3sy8tj4x
    @user-wk3sy8tj4x 5 หลายเดือนก่อน +1

    အမြဲအားပေးနေပါတယ် ခင်ဗျာ

    • @ThihaLuLin
      @ThihaLuLin  5 หลายเดือนก่อน

      အမြဲကျေးဇူးတင် ချစ်ခင်ရပါတယ်ဗျား 🩷

  • @kokyawminnaing2176
    @kokyawminnaing2176 5 หลายเดือนก่อน +1

    အကိုအားကျတယ်❤❤❤

    • @ThihaLuLin
      @ThihaLuLin  5 หลายเดือนก่อน

      စိတ်သွားတိုင်းကိုယ်ရောက်ဖြစ်ပါစေ ညီဗျ 🩷