- 165
- 127 614
Dhamma Dhara Sayadaw
United States
เข้าร่วมเมื่อ 10 มี.ค. 2022
လူသားနဲ့ နည်းနည်းလေးသာ မထင်လိုက်ရာ
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား
“လူသားနဲ့ နည်းနည်းလေးသာ မထင်လိုက်ရာ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်
ကြားပေးမှာ ဖြစ်ပါတယ်။
ဓမ္မပဒ အသညတ.ပရိက္ခာရ.ဘိက္ခု.ဝတ္ထုမှာ-
“သေးသေးမွှားမွှား မကောင်းမှုလေးဟာ အကျိုးပေးမှာ မဟုတ်ပါဘူးလို့
မကောင်းမှုကို အထင်မသေးရာ၊ တစ်ပေါက်တစ်ပေါက်နဲ့ ကျနဲ့ မိုးရေပေါက်ကြောင့်
ရေအိုးပြည့်သွားသလို လူမိုက်ဟာ မကောင်းမှုကို နည်းနည်းချင်း ပြုလုပ်နေသော်
မကောင်းမှုနဲ့ ပြည့်သွားတယ်” လို့ ဘုရားရှင်ဟောထားတဲ့ စကားလေး တစ်ခုရှိပါတယ်။
လူသားမှာလည်း လူသားအလျှောက် မကောင်းမှုလေးတွေ လုပ်ဖြစ်တတ်ကြတယ်။ ရှင်, ရဟန်း
မှာလည်း ရှင်, ရဟန်းအလျှောက် မကောင်းမှုလေးတွေ လုပ်ဖြစ်တတ်ကြပါတယ်။
လူသားများ ယဥ်ကျေးအောင်, သိမ်းမွေ့အောင် ငါးပါးသီလနဲ့ ထိန်းထိိန်းသိမ်းသိမ်း နေခိုင်းပါတယ်။
ရှင်, ရဟန်းတို့မှာလည်း လိုက်နာကျင့်သုံးရမယ့် ဝိနည်းစည်းကမ်းတွေ ရှိပါတယ်။
လူသားတစ်ယောက်အနေနဲ့ဆိုရင်-
သူတစ်ပါးကို မသတ်ဖြတ်ခြင်း၊
သူတစ်ပါး ပစ္စည်းဥစ္စာကို မခိုးခြင်း၊
သူတစ်ပါး သားမယားကို မပြစ်မှားခြင်း၊
လိမ်ညာ မပြောဆိုခြင်း၊
အရက်သေစာ မူးယစ်ဆေး မသုံးစွဲခြင်းဆိုတဲ့ ငါးပါးသီလနဲ့ လူကောင်းသူကောင်းဖြစ်အောင် နေထိုင်နိုင်
ပါတယ်။ ဒီ (၅) ပါးထဲက တစ်ပါးတစ်ပါး ကျိုးရင် နည်းနည်းလေးသာ ကျိုးသွားတာပါဟု မထင်လိုက်ပါနဲ့။
နည်းနည်းများများ မကောင်းကျိုး ရတတ်ပါတယ်။
နောက်တစ်ခုက ဗုဒ္ဓဘာသာမှာ မကောင်းမှုများကိုလည်း စာရင်းအတိအကျနဲ့ ဖော်ပြပေးထားပါတယ်။
သတ်တာ၊
ခိုးတာ၊
ကာမဂုဏ်မှားတာ၊
လိမ်ညာတာ၊
ကုန်းတိုက်တာ၊
ဆဲဆိုခြိမ်းခြောက်တာ၊
အကျိုးမဲ့စကားပြောတာ၊
သူတစ်ပါးပစ္စည်းဥစ္စာကို အချောင်ရအောင် ကြံစည်တာ၊
သူတစ်ပါးဘဝကို ဖျက်လို ဖျက်ဆီးကြံစည်တာ၊
ကောင်းတာလုပ်လည်း ကောင်းကျိုးမရ၊ ဆိုးတာလုပ်လည်း ဆိုကျိုးမရလို့ အမြင်အယူမှားတာဆိုပြီး (၁၀) ပါးပြ
ထားပါတယ်။ ဒီတရား (၁၀) ပါးကို ဒုစရိုက်တရား (၁၀) ပါးလို့လည်း ခေါ်ပါတယ်။ ဒီတရား (၁၀)ပါးကို လုပ်ကိုင်ဆောင်ရွက်
နေသူကိုတော့ ဒုစရိုက်သမားလို့ ခေါ်တာပေါ့။ ဒီ (၁၀) ပါးထဲက တစ်ပါးတစ်ပါး လုပ်ဆောင်မိရင်လည်း နည်းနည်းလေးသာပါလို့
မထင်လိုက်ပါနဲ့။ နည်းနည်းများများ မကောင်းကျိုး ပေးတတ်ပါတယ်။
အထက်က ပြောပြခဲ့တဲ့ ငါးပါးသီလကို မထိန်းသိမ်းနိုင်လို့ သီလပျက်ရင် ရနိုင်တဲ့ အပြစ်တွေကိုလည်း ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်
မဟာနိဗ္ဗာနသုတ် ဒုဿီလ အာဒီနဝါဆိုတဲ့ အခန်းမှာ-
စည်းစိမ်ဥစ္စာ ဆုံးရှုံးတတ်တယ်၊
နာမည်ဆိုးနဲ့ ကျော်ကြားလာတတ်တယ်၊
ပရိသတ်အကြား ကြောက်ကြောက်ရွံရွံနဲ့ ချည်းကပ်ရတတ်တယ်၊
တွေတွေဝေဝေနဲ့ သေဆုံးရတတ်တယ်၊
သေပြီးနောက် အပါယ်ငရဲ ရောက်တတ်တယ်လို့ သီလပျက်သူ အပြစ် (၅) ပါးပြထားပါတယ်။
နောက်ပြီး သတ်တာ ဖြတ်တာစတဲ့ ဒုစရိုက်အလုပ်တွေလုပ်ရင်လည်း အဂ်ုတ္တိုရ် ပဥ္စကနိပါတ်ပါဠိတော် ပဌမဒုစ္စရိတသုတ်မှာ-
မိမိကိုယ်တိုင် မိမိကိုယ်ကို စွပ်စွဲခြင်း၊
ပညာရှိတို့ကဲ့ရဲ့ခြင်း၊
မကောင်းသတင်း ကျော်စောခြင်း၊
သူတော်ကောင်းတရားမှ ကင်းခြင်း၊
မသူတော်တရား၌ တည်ခြင်းဆိုပြီး ဒုစရိုက်မှု လွန်ကျူးသူရဲ့ အပြစ်တွေကို (၅) ပါး ပြဆိုထားပါတယ်။
ဒါ့ကြောင့် မကောင်းမှုကို ငါလွန်ကျူးတာ နည်းနည်းလေးပါ၊ ဒီလောက်နဲ့တော့ မကောင်းကျိုးပေးမှာ မဟုတ်ပါဘူးလို့ မကောင်းမှုကို
အထင်မသေးလိုက်ဖို့ပါ။ မကောင်းမှုဆိုတာ နည်းနည်းချင်း လွန်းကျူးရင်းက တဖြည်းဖြည်းနဲ့ ကျင့်သားရလာရင် မကောင်းမှု နယ်ပယ်
ကနေ ရုန်းကန် မထွက်နိုင်တော့ဘဲ မကောင်းမှုတွေနဲ့ ပြည့်နေတဲ့သူ ဖြစ်လာတတ်ပါတယ်။
ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာ-
“မကောင်းမှုဆိုတာ နည်းနည်းချင်း လွန်ကျူးရင်း များလာတတ်တာကြောင့် သီလပျက်ရင်လည်း မကောင်းမှု၊ ဒုစရိုက်တရားတွေကို လွန်ကျူးနေရင်လည်း
မကောင်းမှုဖြစ်တာကြောင့် မကောင်းမှုဆိုတာ နည်းနည်းလေး လွန်ကျူးမိလည်း မကောင်းကျိုး ရတတ်ပါတယ်။ ဒါ့ကြောင့် မကောင်းမှုကို နည်းနည်းလေးလုပ်မိတာပါ။
ဒီလောက်လေးနဲ့ ဘာမှ မဖြစ်လောက်ပါဘူးလို့ အထင်မသေးဘဲ မကောင်းမှုကို နည်းနည်းလေးကစ သတိထားကာ ရှောင်ရှားနိုင်ကြဖို့ပါပဲ..မိတ်ဆွေတို့။
ဒီတရားလေး နာကြားပြီး-
(က) မကောင်းမှုတွေထဲမှာ ဘယ်မကောင်းမှုက အဖြစ်အများဆုံးပါလဲ?
(ခ) ဖြစ်နေကျ မကောင်းမှုကို ရှောင်ရှားနိုင်ဖို့ ကြိုးစားဖူးပါသလား?
(ဂ) မကောင်းမှုဆိုတာ ကြီးကြီးမားမားလုပ်မှ မကောင်းကျိုး ပေးတာလား?
ဖြေကြားကာ “မကောင်းမှုကို နည်းနည်းများများ သတိထားကာ ရှောင်ရှားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ” ။ (၂၅.၁၀.၂၃)

มุมมอง: 406
วีดีโอ
လူသားနဲ့ ကံဟောင်း, ကံသစ် ကျိုးပြစ်သဘော
มุมมอง 474ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ကံဟောင်း, ကံသစ် ကျိုးပြစ်သဘော” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားပေးမှာ ဖြစ်ပါတယ်။ လူသားတွေမှာ ရှေးရှေးဘဝတွေက ပြုလုပ်ခဲ့တဲ့ ကံဟောင်းပေါင်း များစွာ၊ နေ့စဥ်နေ့တိုင်း ပြုလုပ်နေတဲ့ ကံသစ်ပေါင်း များစွာ ရှိကြပါတယ်။ ကံကို ပြုလုပ်ဆောင်ရွက်ပုံ (၃) မျိုး ရှိပါတယ်။ ကိုယ်နဲ့ ပြုလုပ်ဆောင်ရွက်တဲ့ ကာယကံ၊ နှုတ်နဲ့ ပြောဆို...
လူသားနဲ့ အားနည်းချိန်ဟာ အခွင့်ကောင်းမဟုတ်ပါ
มุมมอง 295ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ အားနည်းချိန်ဟာ အခွင့်ကောင်း မဟုတ်ပါ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြော ပြသ သင်ကြားပေးမှာ ဖြစ်ပါတယ်။ လူသားလောကကြီး အေးချမ်းသာယာရေးဟာ လူသားတွေမှာပဲ တာဝန်ရှိတာပါ။ လူသားတွေက တာဝန်သိသိနဲ့ နေထိုင်တတ်လေလေ လောကကြီးက သာယာလေလေ ဖြစ်မှာပါ။ လူသားတိုင်းရဲ့ လုပ်ဆောင်ရမယ့် တာဝန် (၂) မျိုးရှိပါတယ်။ အသုံးအဆောင် ပစ္စည်းများ တိုးတက် လာ...
လူသားနဲ့ ဒါနကောင်းမှု ပြုကြရာဝယ်
มุมมอง 251ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ဒါနကောင်းမှု ပြုကြရာဝယ်” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားပေးမှာ ဖြစ် ပါတယ်။ လူသားတွေ သံသရာခရီးလမ်း လျှောက်လှမ်းကြတဲ့အခါ ဒါနမျိုးစေ့ ပါလာခဲ့ဖို့ လိုအပ်ပါတယ်။ အဲဒီ ဒါနမျိုးစေ့ ပါလာခဲ့သူနဲ့ မပါသူတို့ဟာ ဖြစ်လေရာရာ ဘဝသံသရာမှာ ကွာခြားသွားကြပါ တယ်။ ဘယ်နေရာတွေမှာ ကွာခြားသွားလဲဆိုတာနဲ့ ပတ်သက်လို့ သုမနသုတ်မှာ ဘုရာ...
လူသားနဲ့ ချမ်းသာချင်ရင် စိတ်ကိုပြင်
มุมมอง 909ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ချမ်းသာချင်ရင် စိတ်ကိုပြင်” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြား ပေးမှာ ဖြစ်ပါတယ်။ လူသားတိုင်းဟာ ချမ်းသာချင်ကြသူတွေချည်းပါ။ ချမ်းသာဖို့ အမြဲတန်း ရုန်းကန်နေကြပါတယ်။ ချမ်းသာဆိုတာ (၂) မျိုး ရှိပါတယ်။ ကိုယ်ချမ်းသာတာရယ်၊ စိတ်ချမ်းသာတာရယ်ပါ။ လူဆိုတာ ရုပ်နဲ့ နာမ်၊ ကိုယ်နဲ့ စိတ်တို့ကို ပေါင်းစပ်ထားတာပါ။ ကိုယ်ချမ်းသာ...
လူသားနဲ့ မကောင်းတာလုပ်လေ ဒုက္ခများလေ
มุมมอง 352ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ မကောင်းမှုပွားလေ ဒုက္ခများလေ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပုထုဇဥ်လူသားတွေဟာ လူသားပဲဖြစ်ဖြစ်၊ ရှင်, ရဟန်းပဲဖြစ်ဖြစ် ဘုရားရှင်က မကြိုက်တဲ့ မကောင်းမှု များကို ကိုယ်က ကြိုက်နေတတ်ပါတယ်။ ဘာ့ကြောင့် ကြိုက်နေတာလဲဆိုရင် စိတ်ရိုင်းလေးတွေနဲ့ မိုက် နေကြသေးလို့ပါ။ လူသားတွေဟာ မကောင်းမှု လုပ်တာချင...
လူသားနဲ့ မှန်ကန်တဲ့ ဘဝနေနည်း
มุมมอง 437ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ မှန်ကန်တဲ့ ဘဝနေနည်း” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားပေး မှာ ဖြစ်ပါတယ်။ လူသားဘဝဆိုတာ နေတတ်, ထိုင်တတ်ဖို့ လိုပါတယ်။ ကိုယ်နေထိုင်တဲ့အတိုင်း ကိုယ့်ဘဝကြီးက ပုံပေါ်လာတာပါ။ ကိုယ်ရွေးချယ်တဲ့ လမ်းအတိုင်း ကိုယ်လျှောက်လှမ်းနေတာ ဖြစ်တော့ ကိုယ့်လျှောက်လှမ်းတဲ့ လမ်းအတိုင်း ကိုယ်ရောက် သွားကြမှာပါ။ ရွေးချယ်လိုက်တဲ့လမ်း...
လူသားနဲ့ ကိုယ့်အလှည့်ကျ နွဲ့ကြသူများ
มุมมอง 243ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ကိုယ့်အလှည့်ကျ နွဲ့ကြသူများ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြား ပေးမှာ ဖြစ်ပါတယ်။ လူသားဘဝဆိုတာ အလှည့်ကျ လည်ပတ်နေရတာပါ။ သူ့အလှည့်ပြီးသွားရင် ကိုယ့်အလှည့် ရောက်တာပါပဲ။ သူ့အလှည့်ကျရင် သူလုပ်ရမယ့်အလုပ် သူလုပ်ဖို့ လိုအပ်သလို ကိုယ့်အလှည့် ကျရင်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုအပ်ပါတယ်။ သူ့အလှည့်ကျ သူ့အလုပ် သူလု...
လူသားနဲ့ မသေဆေး ရှာပုံတော်
มุมมอง 240ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ မသေဆေး ရှာပုံတော်” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဘုရားဟော တရားတော်များမှာ - “သဗ္ဗေ ဘာယန္တိ မစ္စုနော” သတ္တဝါ အားလုံးတို့ဟာ သေမှာ ကြောက်ကြတယ်” ။ - “နတ္ထိ ဇာတဿ အမရဏံ” မွေးဖွားလာတဲ့သူမှာ မသေဘူးဆိုတာ မရှိဘူး”။ - “အဒ္ဓုဝံ မေ ဇီဝိတံ” ငါရဲ့ အသက်ရှင်သန်ခြင်းဟာ မမြဲ”။ - “ဓုဝံ မေ မရဏံ” ငါရဲ့ သေဆ...
လူသားနဲ့ အပျော်တွေချည်းသာ မထင်လိုက်ပါနဲ့
มุมมอง 241ปีที่แล้ว
လူသားနဲ့ အပျော်တွေချည်းသာ မထင်လိုက်ပါနဲ့
လူသားနဲ့ ခိုးသားဘဝမှ တရားရသူ
มุมมอง 188ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ခိုးသားဘဝမှ တရားရသူ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားပေး မှာ ဖြစ်ပါတယ်။ လူသားဘဝ ရလာသူတိုင်းဟာ ဝမ်းရေးအတွက် ရုန်းကန်နေကြရပါတယ်။ အဲဒီဝမ်းရေးအတွက် ရှာဖွေကြရာမှာ မမှန်မကန် လုပ်ကိုင်စားသောက်ခြင်း မိစ္ဆာဇီဝနဲ့ မှန်မှန်ကန်ကန် လုပ်ကိုင်စားသောက် ခြင်း သမ္မာအာဇီဝ ဆိုပြီး (၂) မျိုးရှိပါတယ်။ မိစ္ဆာဇီဝ - မမှန်မကန် လု...
လူသားနဲ့ ကျေးဇူးတရား မသိသူများ
มุมมอง 869ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ကျေးဇူးတရား မသိသူများ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြား ပေးမှာ ဖြစ်ပါတယ်။ လူသားဟာ လူသားဆန်တဲ့ စိတ်ဓာတ်လေး မွေးမြူဖို့ လိုအပ်ပါတယ်။ လူသားဆန်တဲ့ စိတ်ဓာတ် လေး ကင်းကွာသွားရင် လူသားတွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ကာ ကျေးဇူးကန်း တတ်ကြပါတယ်။ မြန်မာမှာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ စကားပုံ တစ်ခုရှိပါတ...
လူသားနဲ့ ကောင်းခြင်းလေးဖြာ ပြည့်စုံပါစေ
มุมมอง 352ปีที่แล้ว
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ ကောင်းခြင်းလေးဖြာ ပြည့်စုံပါစေ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြားမှာ ဖြစ်ပါတယ်။ လူသားဘဝဆိုတာ အားလုံးပြီးပြည့်စုံသူရယ်လို့ မရှိသလောက်ကို ရှားပါတယ်။ ပြည့်စုံနိုး, ပြည့်စုံနိုးနဲ့ ကြိုးစားရှာဖွေရင်း တစ်ဘဝ တစ်ခန္ဓာ အဆုံးသတ်သွားရတာပါ။ လူသားတွေက ဘာတွေပြည့်စုံလာအောင် ကြိုးစားရုန်းကန် နေတာလဲဆိုရင် ကောင်းခြင်းလေးဖ...
လူသားနဲ့ ဉာဏ်ထက်မြက်ကြောင်း နည်းလမ်းကောင်း
มุมมอง 494ปีที่แล้ว
လူသားနဲ့ ဉာဏ်ထက်မြက်ကြောင်း နည်းလမ်းကောင်း